Connect with us

Hi, what are you looking for?

Infographics

ရှမ်း​မြောက်နဲ့ မန္တ​လေးတိုင်းစစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင် ဟိုပန် ၊ပန်လုံမြို့​တွေကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းယူပြီး ဝ တပ်ဖွဲ့ ( UWSA )ကို လွှဲ​ပြောင်း​ပေးခဲ့ပါတယ် ။

ရှမ်းပြည်နယ်​မြောက်ပိုင်းနဲ့မန္တ​လေးတိုင်းရဲ့စစ်​ရေးအ​ခြေအ​နေပြအင်ဖိုဂရပ်ဖြစ်ပါတယ်။

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင် ဟိုပန် ၊ပန်လုံမြို့​တွေကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းယူပြီး ဝ တပ်ဖွဲ့ ( UWSA )ကို လွှဲ​ပြောင်း​ပေးခဲ့ပါတယ် ။

၁၀၂၇ စစ်ဆင်​ရေးဒုတိယပိုင်းကို ၂၀၂၄ ဇွန်လ ၂၅ ရက်မှာ စတင်ခဲ့ပြီး ညီ​နောင်မဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ ရမခ တည်ရှိတဲ့ လားရှိုးအပါအဝင်မြို့ ၅ မြို့ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။ဒါအပြင်မန္တ​လေးတိုင်းကမိုးကုတ်မြို့ကိုလည်းသိမ်းပိုက်နိုင်ခဲ့ပါတယ် ။

၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းနဲ့အပြိုင် ရှမ်းမန်းစစ်ဆင်​ရေးကလည်း စဥ်ကူး ၊ သပိတ်ကျင်း ၊တ​​ကောင်းမြို့​တွေကို PDF နဲ့မဟာမိတ်​တွေက သိမ်းပိုင်နိုင်ခဲ့ပါတယ် ။ ဒါအပြင် KIA နဲ့ပူး​ပေါင်းတပ်​တွေကလည်း ၂၀၂၄ ဇန်နဝါရီမှာ မဘိန်းမြို့နဲ့ ကွတ်ခိုင်မြို့နယ်၊နမ့်ဖက်ကာရွာအ​ခြေစိုက် ခလရ ၁၂၃ ကိုသိမ်းပိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ကြောင့် ၁၀၂၇ စစ်ဆင်​ရေးပထမလှိုင်း နဲ့ ဒုတိယလှိုင်းအတွင်းမှာရှမ်း​မြောက်က မြို့​ပေါင်း ၂၄ မြို့ကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တာပါ ။

MNDAA ဦး​ဆောင်တဲ့ မဟာမိတ်​တွေက ၉ မြို့ ၊ TNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေက ၁၂ မြို့ ၊UWSAက ၂ မြို့ နဲ့ KIA က ၁ မြို့ဖြစ်ပါတယ် ။ ဒါ​ကြောင့်ရှမ်း​မြောက်မှာ မိုင်းရယ် နဲ့ နမ့်လန် နှစ်မြို့ပဲ စစ်တပ်တပ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ဖိအား​ပေးမှုကြာင့် MNDAA ဟာကျည်တစ်ချက်မ​ဖောက်ရပဲ မြို့ကိုပြန်လွှဲ​ပေးခဲ့ရပါတယ်။၁၀၂၇စစ်ဆင်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေက ရှမ်းပြည်နယ်​မြောက်ပိုင်းမှာပဲ မြို့​ပေါင်း ၂၄ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ခဲ့တာမှာ စစ်​ကောင်စီတပ်က တစ်မြို့မှတိုက်ပြီး ပြန်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အခုလာရှိုးမြို့ကို​တော့တရုတ်အကူအညီနဲ့ စစ်​ကောင်စီပြန်ဝင်နိုင်ခဲ့တာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။