သတင်း တီးတိန်ကို အင်အားဖြည့်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ၅ရက်ဆက် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooမေ 6, 2026
သတင်း တောင်သာတပ်ရင်း(၃)နဲ့ ပကဖအဖွဲ့ဝင်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦးကျဆုံး မန္တလေးတိုင်း၊ တောင်သာမြို့နယ်က သံဘိုရွာမကျေးရွာ လုံခြုံရေးယူဖို့သွားတဲ့ကာကင်း ရဲဘော်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦး ကျဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကိုသိထားသူတွေက ပြောပါတယ်။ ludunwayooမေ 6, 2026
သတင်း PDFရဲဘော်တွေထဲက အသက်နဲ့ခန္ဓာ စွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်တွေကို အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့ NUGယာယီသမ္မတ မေတ္တာရပ်ခံ PDFရဲဘော်တွေနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ပြတ်ပြတ်သားသားတိုက်ပွဲဝင်နေဟု အသိပေး ludunwayooမေ 6, 2026
သတင်း ပြည်သူ့အာဏာ ပြည်သူ့ထံပြန်အပ်နှင်းနိုင်ဖို့တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့ PDF တွေကို ဝန်ကြီးချုပ်တိုက်တွန်း ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့ တွေနဲ့အတူ စုစုစည်းစည်းနဲ့တိုက်ပွဲဝင်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ၊ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခြင်းတိုက်တွန်းပါတယ်။ ludunwayooမေ 6, 2026
နိုင်ငံတကာ ဂျာမနီမှာ လူအုပ်ကို ကားနဲ့ ဝင်တိုက်မှုကြောင့် ၂ ဦးသေပြီး ၂၀ ကျော်ဒဏ်ရာရ ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။ ludunwayooမေ 6, 2026
နိုင်ငံတကာ လုပ်ကြံမှု၊ အာဏာသိမ်းမှု အန္တရာယ်တွေကို ပူတင် အကြီးအကျယ် စိုးရိမ်နေတယ်လို့ဆို လုပ်ကြံမှုနဲ့ အာဏာသိမ်းနိုင်ခြေ အလားအလာတွေကြောင့် ရုရှားအစိုးရဟာ သမ္မတ ဗလာဒီမာ ပူတင်အတွက် သတ်မှတ်ထားတဲ့ လုံခြုံရေး အစီအမံတွေကို အထူးတိုးမြှင့် ကြပ်မတ်နေကြောင်း ဥရောပ ထောက်လှမ်းရေး အေဂျင်စီ တစ်ခုရဲ့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ ludunwayooမေ 6, 2026
နိုင်ငံတကာ ဟောမုဇ်မှာ အီရန်နဲ့ အမေရိကန်ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အခြေအနေ တင်းမာနေ ဟောမုဇ် ရေလက်ကြားမှာ အမေရိကန်နဲ့ အီရန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အခြေအနေတွေ တကျော့ပြန် တင်းမာလာနေကြောင်း သိရပါတယ်။ ludunwayooမေ 6, 2026
ဆောင်းပါး ဗုံးမိုးကြားက မေတ္တာ ဧပြီလလယ်ပိုင်းရဲ့ အညာနွေအပူချိန်က ပြင်းထန်နေတယ်။ အရာတော်မြို့နယ်၊ သလဲဘာရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ပွဲကလည်း ထပ်တူပြင်းထန်နေတယ်။ စစ်ကောင်စီတပ်ကဝေဟင်ထက်ကနေY12လေယာဥ်နဲ့ ဗုံးတွေလာကြဲနေတယ်။ ludunwayooမေ 6, 2026
ဆောင်းပါး စိတ်ကျန်းမာရေးသတိပြုပါ “မြန်မာနိုင်ငံကပြည်သူ ၇ဦးမှာ ၁ဦးက တစ်ကိုယ်ရည်စိတ်လုံခြုံမှုမရှိဘဲစိုးထိတ်နေရတယ်” ludunwayooမေ 6, 2026
သတင်း ကားဘီးပေါက်လို့ စပယ်ယာဘီးဝင်လဲချိန် ကားလေအိတ်ပေါက်လို့ တစ်ဦးသေဆုံး ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။ ludunwayooမေ 5, 2026