Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-ပုသိမ်လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး ကုက္ကိုပင် ဝင်တိုက်၊ လူ ၂ဦး သေဆုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး သစ်ပင်ကိုဝင်တိုက်လို့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ဦး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - မီးသတ်

စက်တင်ဘာ-၇၊၂၀၂၆။ရောင်နီ/People’s Spring

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ် လမ်းပိုင်းမှာ အိမ်စီးကား ၁စီး လမ်းချော်ပြီး သစ်ပင်ကိုဝင်တိုက်လို့ ယာဉ်ပေါ်ပါလာတဲ့ အမျိုးသား ၂ဦး သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့(စက်တင်ဘာ၇) ညနေ ၆ နာရီခွဲလောက်မှာ ပုသိမ်ကနေ ရန်ကုန်မြို့ကို မောင်းနှင်လာတဲ့ Mark ll ကားက ရန်ကုန်-ပုသိမ်လမ်းမ မိုင်တိုင်အမှတ် (၃၄/၀) အနီးမှာ လမ်းချော်ပြီး ကုက္ကိုပင်ကို ကိုဝင်တိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားအရှေ့ပိုင်း ပျက်ဆီးသွားပြီးကားပေါ်မှာပါလာတဲ့ အမျိုးသား ၂ဦး အခင်းနေရာမှာသေဆုံးသွားတာကြောင့် သစ္စာရှင်လူမှုကယ်ဆယ်ရေးအသင်းက ညောင်တုန်းဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်-ပုသိမ် လမ်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း လမ်းအပျက်အစီးတွေရှိပေမယ့် ပြင်ဆင်ဆောင်ရွက်တာတွေ မရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲကျသွားတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၂ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းမှာ Express ကားနဲ့ အိမ်စီးကားတိုက်မိပြီး Express ကားချောက်ထဲကျကာ ခရီးသည်သေဆုံးထိခိုက်သူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်း

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်မှာ ဒီနေ့မနက် (အောက်တိုဘာ ၁၀) နံနက်က EV ကား ၁စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ဝင် တိုက်မိရာ လူ ၂ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။