Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့နယ်ကိုစစ်တပ်က ဂျိုင်ရိုကော်ပတာ၊ MI-35တို့ဖြင့်ဗုံးကြဲအရပ်သား၇ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

(ဗုံးကြဲခံရပြီး​နောက်ကားအလုပ်ရုံမှာ အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့ )

စက်တင်ဘာ-၇၊၂၀၂၆။မိထက်၊​ဇေ​အောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

စက်တင်ဘာလ၇ရက်၊ ညနေ ၅နာရီကျော်မှာ ဗုံးကြဲတာဖြစ်ပြီးထိခိုက်သေဆုံးတဲ့အရပ်သားတွေကို ဆွဲထုတ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“အရပ်သားတွေရှိတဲ့နေရာကိုဂျိုင်ရိုကော်ပတာနဲ့ တည့်တည့်ကြဲသွားတာ။ နောက်ထပ် လေကြောင်းအန္တရာယ်သတိပေးချက်လည်းရထားတယ်။ အဲဒီကြားထဲကနေဆွဲထုတ်နေရတယ်”လို့အဆိုပါဒေသခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကားအလုပ်ရုံကိုဗုံးကြဲတာဖြစ်ပြီးအမျိုးသမီးတစ်ဦး၊ အမျိုးသားခြောက်ဦး သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃ စီး၊ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးတို့နဲ့ ရေဦးမြို့နယ်၊ အနောက်တောင်ခြမ်းက​​နေရာကို ဗုံးကြဲခဲ့တာဖြစ်ပြီး အမျိုးသား ၆ ဦးနဲ့အမျိုးသမီး ၁ ဦး စုစုပေါင်း ၇ ဦးပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဒီပဲယင်ပကဖက အသိ​ပေးပါတယ်။

စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းအသုံးပြုကာ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဆန်ဆန် ပစ်ခတ်တိုက်ခိုက်မှာတွေကို ဆက်တိုက်ကျူးလွန်နေကြောင်း၊ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လေယာဥ်တွေတက်လာရင် တော်လှန်ရေးအဖွဲ့အစည်းတွေ ထုတ်ပြန်ထားတဲ့ လေကြောင်းသတင်းတွေနားထောင်ပြီး ပုန်းခိုကျင်းများအတွင်းသို့ ကြိုတင်ဝင်ရောက်နေထိုင်ကြဖို့ ဒီပဲယင်းပကဖက တိုက်တွန်းထားပါတယ်။

ရေဦးမြို့နယ်မှာစစ်တပ်ကမြို့ပေါ်ကိုသာထိန်းချုပ်ထားပြီး အနီးပတ်ဝန်းကျင်​ရှိကျေးရွာတွေကို ထိန်းချုပ်နိုင်ခြင်းမရှိပါဘူး။ မြို့နယ်အတွင်း လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊မြို့နယ်ပတ်ဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်အနီးတိုက်ပွဲဆက်ဖြစ်နေ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။