သတင်း ပြည်တွင်းဆန်ဈေးကြီးနေချိန် အင်ဒိုနီးရှားသို့ ဆန်တန်ချိန် ခြောင်သောင်းတင်ပို့ခွင့် တင်ဒါ စစ်ကောင်စီရရှိ ပြည်တွင်း၌ ဆန်ဈေးကြီးနေပြီး ၊ ဆန်ဈေးကြီးသည်ဆိုကာ ဆန်ရောင်းချသူများကို ဖမ်းဆီးခြိမ်းခြောက်ထားသော်လည်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၀,၀၀၀ တင်ပို့ခွင့်ကို စစ်ကောင်စီကထပ်ရမည်ဖြစ်ကြောင်းသတင်းရရှိသည်။ ludunwayooဩဂုတ် 7, 2024
သတင်း စစ်ကိုင်းတိုင်းအတွင်း ရှစ်လေးလုံးအကြို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ရှစ်လေးလုံးအကြို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၇)အသီးသီး ဆန္ဒပြခဲ့ပါတယ်။ ludunwayooဩဂုတ် 7, 2024
သတင်း တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီ ဗုံးကြဲ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေးကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်(ပကဖ)ထံမှ သိရသည်။ ludunwayooဩဂုတ် 7, 2024
သတင်း မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းအား တော်လှန်ရေးအဖွဲ့များ သိမ်းပိုက် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းနှင့်အထိုင်စခန်းအားလုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 7, 2024
သတင်း မန္တလေးမြို့အနီး လေကြောင်းတိုက်ခိုက်မှု ပြည်သူ ခုနစ်ဦးသေဆုံး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ၊ဖယောင်းတောင်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ခူနစ်ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 7, 2024
သတင်း ပြင်ဦးလွင်မှစစ်တပ်မိသားစုဝင်များနှင့် မြို့ခံအချို့ စတင်ပြောင်းရွှေ့ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့တွင် တိုက်ပွဲဖြစ်တော့မည်ဟု သတင်းများကြောင့် စစ်တပ်မိသားစုဝင်များအပါအဝင် မြို့ခံအချို့မှာ ယနေ့(သြဂုတ် ၇ရက်) စတင်ပြောင်းရွှေ့နေကြောင်းဒေသခံများကပြောသည်။ ludunwayooဩဂုတ် 7, 2024
သတင်း သီပေါတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ သံဃာတစ်ပါးနှင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံး ကွတ်ခိုင်ကို ထပ်မံလေကြောင်းတိုက်ခိုက်ရာ လူထိခိုက်မှုမရှိဟု TNLA အသိပေး ludunwayooဩဂုတ် 7, 2024
သတင်း ဆားလင်းကြီးမြို့နယ်က ရှစ်လေးလုံးနှစ်ပတ်လည်အကြို ဆန္ဒပြပွဲ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ရှစ်လေးလုံးနှစ်ပတ်လည်အကြို အထိမ်းအမှတ် ဆန္ဒပြပွဲကို ယနေ့ (သြဂုတ် ၇) ပြုလုပ်ခဲ့သည်။ ludunwayooဩဂုတ် 7, 2024
သတင်း လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထားသောစစ်သားမိသားစုဝင်များကိုMNDAAကအသုတ်လိုက် ပြန်လွှတ်ပေးနေ၊ ပြည်သူများကိုလည်း ပြန်လည်ဝင်ခွင့်ပြု လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့မိသားစုဝင်များကိုMNDAAက ပြန်လွှတ်ပေးနေပြီး ပြည်သူများကို ပြန်လည်ဝင်ရောက်ခွင့်ပြုနေပြီဟု သတင်းရရှိသည်။ ludunwayooဩဂုတ် 7, 2024
သတင်း တောင်သာတွင် PDFများ လမ်းပိုင်းစစ်ဆေးစဉ် တိုက်ပွဲဖြစ် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် PDF ရဲဘော်များ လမ်းပိုင်းစစ်ဆေးရေးပြုလုပ်နေစဥ် ဖြတ်သန်းလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။ ludunwayooဩဂုတ် 7, 2024