Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအား ILO က ပုဒ်မ (၃၃)အရ အရေးယူပေးရေး ဖားကန့်ပြည်သူများ ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO)က ဖွဲ့စည်းပုံ ဒအခြေခံဥပဒေ ပုဒ်မ (၃၃)အရ စစ်ကောင်စီအား ချက်ချင်းအရေးယူနိုင်ရေး ဆန္ဒ​ပြလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၅) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်_ဖားကန့်မြို့နယ်

သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်တွင် အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုများ စုပေါင်းကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း (ILO)က ဖွဲ့စည်းပုံ ဒအခြေခံဥပဒေ ပုဒ်မ (၃၃)အရ စစ်ကောင်စီအား ချက်ချင်းအရေးယူနိုင်ရေး ဆန္ဒ​ပြလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၅) ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများက “ILO implement Article33 On Myanmar Now 2025” ၊ “ပြည်သူသာ အဓိက” ၊ “ဖိနှိပ်သူတွေ စည်းလုံးရင် အဖိနှိပ်ခံတွေ တော်လှန်ကြ” ၊ “ILO – we need Article 33 to – Stop Forced Labor.- Stop Child Soldiers.- Stop Forced Military Conscription.- Stop bombing villages” စသည့်စာသားများ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် “၂ဝ၂၅ ILOပုဒ်မ(၃၃) အရချက်ချင်းအရေးယူပေး” ၊ “ဖက်ဆစ်စစ်အာဏာရှင် မုချကျရှုံးရမည်” ၊”What do we want – ILO Action” ၊ “When do we want it – Now” ၊ “ILO ILO – Take Action” ၊ “Free Free – Myanmar” ၊ “အရေးတော်ပုံ_အောင်ရမည်” စသည့် ကြွေးကြော်သံများ ဟစ်ကြွေး၍ ချီတက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြလှုပ်ရှားမှုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်(ဖားကန့်မြို့နယ်)၏ အဖွဲ့ဝင်များ၊ နွေဦးသစ္စာအဖွဲ့၊ နွေဦးရောင်နီ(တာမခံအဖွဲ့)နှင့် ဖားကန့်မှော်လှည့်သပိတ်အင်အားစု စသည့် ဖားကန့်မြို့နယ်မှ အရပ်ဖက်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

“အကြမ်းဖက်စစ်တပ်က ILO စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို လေးစားလိုက်နာ အကောင်အထည်ဖော်မှု လုံးဝ မရှိသည့်အတွက် ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတာကို မတ်လ ၁၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်နေတဲ့ ILO Governing Body -ILO အမှုဆောင်အစည်းအဝေးမှာ ဆွေးနွေးလျှက်ရှိပါတယ်။ ဒီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူနိုင်ရေး ကချင်ပြည်နယ်ဖားကန့်လူထုက အလိုရှိပါတယ်။ ဒါကြောင့် ILOရဲ့အဖွဲ့ဝင်နိုင်ငံတွေ ပြည်သူ့အသံကို သိရှိစေဖို့အတွက် အခုလိုဆန္ဒပြရခြင်းဖြစ်တယ်”ဟု သပိတ်ဦးဆောင်သူများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။