Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်း ဆားမှော်ရွာတွင် တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ‌ဆားမှော်ကျေးရွာတွင် စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ‌ဆားမှော်ကျေးရွာတွင် စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

ယမန်နေ့(မတ်လ ၁၄ရက်)ကစ၍ တိုက်ပွဲဖြစ်နေပြီး ယ‌နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသည်ဟု ဆိုသည်။

” KIAတပ်မဟာ(၉)၊ တပ်ရင်း (၄၄)က ဦးဆောင်ချနေတာ။တိုက်ပွဲက ပြင်းထန်တယ်။ စစ်တပ်က လက်နက်ကြီး အရမ်းသုံးနေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုးကောင်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်နိုင်သည်ဟူသော သတင်းများကြောင့် ဒေသခံအချို့မှာ တိမ်းရှောင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု သတင်းရရှိသည်။

” မိုးကောင်းက ဖြစ်ရင်ပွဲအမြန်ပြတ်နိုင်တယ်။ သူတို့ဘက်က မစသေးလို့တိုက်ပွဲမဖြစ်သေးတာ ဟုတ်တယ်”ဟု မိုးကောင်းမြို့တွင် တာဝန်ကျနေသည့် မီးသတ်တပ်ဖွဲ့တစ်ဦးက ပြောသည်။

ယခုတိုက်ပွဲဖြစ်‌နေသော ဆားမှော်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ဖူးသည်။ KIA တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေအတွင်း စစ်ကောင်စီနှင့် SNA ပူးပေါင်းအင်အား ၃၀၀ခန့်ပါ စစ်ကြောင်းဝင်လာ၍ KIAပူးပေါင်းတပ်က တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် SNA ပူးပေါင်းစစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

KIAသည် ကချင်ပြည်နယ်အတွင်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၄ရက်ကစတင်၍ တိုက်ခိုက်နေပြီး ယနေ့အထိ တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်ခွာသွားတဲ့ စစ်သင်္ဘောတွေဟာ ဧရာ၀တီမြစ်ဘေးက ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကသာနဲ့ ရွှေကူကြား စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ၊ သင်္ဘောအချို့ ရွှေ့ကူမြို့ရောက်

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။