Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီအတွင်း အရပ်သား ၁၄၀ကျော် သေဆုံး

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း အသက် ၁၈နှစ်အောက် ကလေးငယ် ၂၂ဦးအပါအဝင် ပြည်သူ ၁၄၂ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၃ရက်က လေကြောင်ကနေ ဗုံးကြဲတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများကို​တွေ့ရစဥ်။ ဓာတ်ပုံ - အညာ​မြေတပ်​ပေါင်းစု

သေဆုံးသူများတွင် ကလေးငယ် ၂၀ကျော် ပါဝင်

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း အသက် ၁၈နှစ်အောက် ကလေးငယ် ၂၂ဦးအပါအဝင် ပြည်သူ ၁၄၂ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေကို ဖော်ပြရာ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုမှာ ဖေဖော်ဝါရီအတွင်း ၆၀၄မှုရှိကြောင်း၊ ကောက်ယူရရှိသည့် အချက်အလက်များကို သာထုတ်ပြန်ခဲ့ခြင်းဖြစ်၍ မြေပြင်၌ ယခုထက် အရေအတွက်ပိုများနိုင်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လူ့အခွင့်အရေးချိုးဖောက်မှုများကို ဇယားဖြင့် ဖော်ပြခဲ့ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက်မှု၊ နေအိမ်အဆောက်အဦး ပျက်စီးမှုများအား အသိပေးထားသည်။

ဖေဖော်ဝါရီအတွင်း လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၄၂ဦး သေဆုံးခဲ့ရာ စစ်ကိုင်းတိုင်း မှ ၄၈ဦးဖြင့် အများဆုံးဖြစ်ပြီး မကွေး၊ ကချင်၊ ရက္ခိုင်၊ ရှမ်း၊ မန္တလေး၊ မွန်၊ ပဲခူး၊ ကရင်၊ ကရင်နီနှင့် တနင်္သာရီ ဒေသများရှိ ပြည်သူများလည်း အသက်ဆုံးရှုံးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၆၈ ဦး ဒဏ်ရာရရှိခဲ့ရာ အသက် ၁၈နှစ်အောက် ကလေးငယ် ၃၁ဦး ပါဝင်သည်ဟု အသိပေးသည်။

လေကြောင်း တိုက်ခိုက်မှုအပြင် စစ်ကောင်စီက အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ မကွေး၊ စစ်ကိုင်း၊ မန္တလေးနှင့် ကချင်ပြည်နယ်များ၌ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ် ၁၀ခုရှိခဲ့ပြီး ပြည်သူ ၇၀ဦးသေဆုံးခဲ့ရဟု ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီလအတွင်း ဘာသာရေးဆိုင်ရာ အဆောက်အဦး ၂၇လုံး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦး ၁၅လုံး၊ စာသင်ကျောင်း ၁၂ကျောင်း၊ ပြည်သူလူထုနေအိမ် ၂၁၉လုံး ပျက်စီးခဲ့ရကြောင်း NUGက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။