Hi, what are you looking for?
အမေရိကန်နိုင်ငံ နယူးယောက်မြို့ Foley Square မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့အထောက်အထားပြသဖို့ (Proof of Life) လှုပ်ရှားမှုကို ဒီကနေ့ (မေ ၃)မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ် ဝင်းတာပန်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းက ဝင်းတာပန်ရွာက နေအိမ်တွေကို မီးရှို့တာ၊ လေယာဉ်၊လက်နက်ကြီး ၊ပါရာမော်တာတွေ သုံးပြီး ကျေးရွာကို ပစ်မှတ်ထားတိုက်ခိုက်တာ လုပ်ဆောင်နေကြောင်း သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
ကိုရင်တစ်ပါးနဲ့ ပြည်သူအချို့ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မင်္ဂလာဆောင်ပွဲအခမ်းအနားပြုလုပ်ထားတဲ့ မဏ္ဍပ်နဲ့ နေအိမ် ၅ဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မင်္ဂလာဧည့်ခံပွဲအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေလည်း ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။