Connect with us

Hi, what are you looking for?

နိုင်ငံတကာ

9/11 တိုက်ခိုက်မှုမှာ ပြိုကျခဲ့တဲ့ WTC အမြွှာမျှော်စင်ကို ဒရုန်းတွေနဲ့ ပုံဖော်ပြသ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Sky Elements

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။

2977 Lights Over New York Harborလို့ နာမည်ပေးထားတဲ့ ပြကွက်ဟာ အခုနှစ် 9/11 နှစ်ပတ်လည် အောက်မေ့မှု အစီအစဉ်တွေထဲက အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ မီးရောင်တွေ ထွန်းညှိထားတဲ့ ဒရုန်းတစ်ခုစီဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့က အကြမ်းဖက်မှုကြီးအတွင်း သေဆုံးခဲ့သူ တစ်ဦးစီကို ရည်ညွှန်းပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ညတုန်းက ထောင်ချီတဲ့ ဒရုန်းတွေဟာ နယူးယောက်ဆိပ်ကမ်းကနေ ပျံတက်သွားပြီး အဲဒီနောက် အမြွှာမျှော်စင်ကြီးရဲ့ အောက်မေ့ဖွယ် ပုံရိပ်ကို ချိတ်ဆက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စီစဉ်သူတွေကတော့ အဲဒီပြကွက်ကို 9/11 ဖြစ်စဉ်အတွင်း သေဆုံးသူတွေရဲ့ မိသားစုတွေ၊ အသက်ရှင် လွတ်မြောက်ခဲ့သူတွေ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဖန်တီးခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် 9/11 နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ အဲဒီဒရုန်းတွေ ပျံသန်းမှုကို ပြသခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်ပွားခဲ့တဲ့ 9/11 တိုက်ခိုက်မှုမှာတော့ အကြမ်းဖက်သမားတွေဟာ ခရီးသည်တင် လေယာဉ်တွေကို အပိုင်စီးပြီး WTC အမြွှာမျှော်စင်၊ ပင်တဂွန် စစ်ဌာနချုပ်၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ အိမ်ဖြူတော် ဒါမှမဟုတ် လွှတ်တော်တို့ကို ပစ်မှတ်ထားပြီး အသေခံ ဝင်တိုက်စေခဲ့ပါတယ်။ ဝါရှင်တန်ဒီစီကို ဦးတည်ပျံသန်းတဲ့ လေယာဉ်ကတော့ ခရီးသည်တွေရဲ့ ခုခံမှုကြောင့် လမ်းခုလတ်မှာ ပျက်ကျခဲ့ပါတယ်။ WTCကတော့ ခရီးသည် လေယာဉ် နှစ်စီးဆင့်ပြီး ဝင်တိုက်ခံရလို့ လုံးဝဥဿုံ ပြိုကျသွားခဲ့ပါတယ်။

ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုနောက်ပိုင်း နိုင်ငံပိုင်နက်မှာ သွေးမြေအကျဆုံး တိုက်ခိုက်ခံရမှုကြီးနဲ့ ကြုံတွေ့ခဲ့တဲ့နောက် အမေရိကန်ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ကို လက်တုံ့ပြန် ဖြိုခွင်းဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ ကြာမြင့်မယ့် အာဖဂန်နစ္စတန် စစ်ပွဲကို စတင်ဆင်နွှဲခဲ့ပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။