Connect with us

Hi, what are you looking for?

နိုင်ငံတကာ

9/11 တိုက်ခိုက်မှုမှာ ပြိုကျခဲ့တဲ့ WTC အမြွှာမျှော်စင်ကို ဒရုန်းတွေနဲ့ ပုံဖော်ပြသ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ - Sky Elements

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကမ္ဘာကျော် 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးအတွင်း ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုစင်တာ (WTC) အမြွှာမျှော်စင်ရဲ့ ပုံရိပ်ကို ထောင်နဲ့ချီတဲ့ ဒရုန်းတွေ အသုံးပြုပြီး ဖော်ပြခဲ့ပါတယ်။

2977 Lights Over New York Harborလို့ နာမည်ပေးထားတဲ့ ပြကွက်ဟာ အခုနှစ် 9/11 နှစ်ပတ်လည် အောက်မေ့မှု အစီအစဉ်တွေထဲက အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ မီးရောင်တွေ ထွန်းညှိထားတဲ့ ဒရုန်းတစ်ခုစီဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့က အကြမ်းဖက်မှုကြီးအတွင်း သေဆုံးခဲ့သူ တစ်ဦးစီကို ရည်ညွှန်းပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ညတုန်းက ထောင်ချီတဲ့ ဒရုန်းတွေဟာ နယူးယောက်ဆိပ်ကမ်းကနေ ပျံတက်သွားပြီး အဲဒီနောက် အမြွှာမျှော်စင်ကြီးရဲ့ အောက်မေ့ဖွယ် ပုံရိပ်ကို ချိတ်ဆက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

စီစဉ်သူတွေကတော့ အဲဒီပြကွက်ကို 9/11 ဖြစ်စဉ်အတွင်း သေဆုံးသူတွေရဲ့ မိသားစုတွေ၊ အသက်ရှင် လွတ်မြောက်ခဲ့သူတွေ၊ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေနဲ့ ပူးပေါင်း ဖန်တီးခဲ့ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် 9/11 နှစ်ပတ်လည်နေ့ မတိုင်ခင်မှာ အဲဒီဒရုန်းတွေ ပျံသန်းမှုကို ပြသခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ဖြစ်ပွားခဲ့တဲ့ 9/11 တိုက်ခိုက်မှုမှာတော့ အကြမ်းဖက်သမားတွေဟာ ခရီးသည်တင် လေယာဉ်တွေကို အပိုင်စီးပြီး WTC အမြွှာမျှော်စင်၊ ပင်တဂွန် စစ်ဌာနချုပ်၊ ဝါရှင်တန်ဒီစီမှာရှိတဲ့ အိမ်ဖြူတော် ဒါမှမဟုတ် လွှတ်တော်တို့ကို ပစ်မှတ်ထားပြီး အသေခံ ဝင်တိုက်စေခဲ့ပါတယ်။ ဝါရှင်တန်ဒီစီကို ဦးတည်ပျံသန်းတဲ့ လေယာဉ်ကတော့ ခရီးသည်တွေရဲ့ ခုခံမှုကြောင့် လမ်းခုလတ်မှာ ပျက်ကျခဲ့ပါတယ်။ WTCကတော့ ခရီးသည် လေယာဉ် နှစ်စီးဆင့်ပြီး ဝင်တိုက်ခံရလို့ လုံးဝဥဿုံ ပြိုကျသွားခဲ့ပါတယ်။

ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုနောက်ပိုင်း နိုင်ငံပိုင်နက်မှာ သွေးမြေအကျဆုံး တိုက်ခိုက်ခံရမှုကြီးနဲ့ ကြုံတွေ့ခဲ့တဲ့နောက် အမေရိကန်ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ကို လက်တုံ့ပြန် ဖြိုခွင်းဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ ကြာမြင့်မယ့် အာဖဂန်နစ္စတန် စစ်ပွဲကို စတင်ဆင်နွှဲခဲ့ပါတယ်။

ကိုးကား: USA Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားဆီက ဒုံးကျည် ပစ်ခတ်မှုတွေကို အမေရိကန်က စောင့်ကြည့်ပြီး ကြိုတင်သတိပေးတဲ့ စနစ်ဟာ အပြည့်အဝ ပြန်ပြီး လည်ပတ်နေပြီလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အမေရိကန် သံအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲနောက်ပိုင်း သူ့ကို ပစ်မှတ်ထားပြီး ဒီမိုကရက်တစ် ပါတီက စုံစမ်းမှုတွေ လုပ်လာရင် ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီ ပထမဆုံးအသုတ် ဒီဇယ်ဆီတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ တင်ပို့သွားမယ်လို့ ရုရှား အစိုးရက ပြောပါတယ်။