သတင်း နွားထိုးကြီးမှာ စစ်အုပ်စုကအသက်မပြည့် သေးတဲ့မိန်းကလေးငယ်အပါအဝင်အမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့် မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် ။ ludunwayooအောက်တိုဘာ 7, 2026
သတင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံး လွတ်မြောက်ရေး ထိုင်းရောက်မြန်မာတွေ ဆုတောင်းပွဲပြုလုပ် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
သတင်း ဂွေးချိုရွာ ပျူစောထီးစခန်း တော်လှန်ရေးတပ်တွေတိုက်ခိုက်၊ စစ်တပ်က လေကြောင်းကအပြင်းအထန်ခုခံ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
သတင်း စစ်သား ၃ ဦး လက်နက်ခဲယမ်းနဲ့အတူ တမူးခရိုင် PDF ဆီ အလင်းဝင် အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
နိုင်ငံတကာ ရေကြီးမှုတွေနောက်ပိုင်း ကြက်ဥတွေ ပြည်ပတင်ပို့မှု လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေ ဆွေးနွေး ရေကြီးမှုတွေအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အဆုံးအရှုံးတွေကြောင့် ပြည်ပကို ကြက်ဥ တင်ပို့မှုတွေ လျှော့ချထားဖို့ ထိုင်းအာဏာပိုင်တွေက ကြက်မွေးမြူရေး ကုမ္ပဏီတွေကို တိုက်တွန်း တောင်းဆိုထားပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
သတင်း မြိုင်က စစ်ရှောင်စခန်း စစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင် ၃ ဦး ဒဏ်ရာရ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
သတင်း ဘန်ကောက် ဓာတ်အားခွဲစက်ရုံ မီးလောင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက မြို့နယ်တစ်ခုထဲမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
နိုင်ငံတကာ ပြင်သစ် ဆန္ဒပြပွဲတွေမှာ လူစုခွဲတဲ့ ဗုံးကို ကောက်ကိုင်တဲ့ ဆယ်ကျော်သက်လူငယ် လက်တစ်ဖက် ဆုံးရှုံး ပြင်သစ်နိုင်ငံက ကျောင်းသား ဆန္ဒပြပွဲတွေအတွင်း အဓိကရုဏ်း နှိမ်နင်းရေး လက်ပစ်ဗုံးကို ကောက်ကိုင်ဖို့ ကြိုးစားသူ ဆယ်ကျော်သက် လူငယ်တစ်ဦး လက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း သိရပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
သတင်း ကသာဒေသတွင်း စစ်ရေးအခြေအနေ တော်လှန်ရေးတပ်တွေ သတိပေး စစ်ကိုင်းတိုင်း၊ ကသာမြို့အခြေစိုက် စစ်တပ်ရဲ့ အမှတ်(၃၀၉)ခြေမြန်တပ်ရင်း(ခမရ-၃၀၉)က စစ်ကြောင်းထွက်လာတဲ့အတွက် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန် ရေးရဲဘော်တွေကသတိပေးပါတယ်။ ludunwayooအောက်တိုဘာ 7, 2026
သတင်း မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကိုစစ်အုပ်စုအလုပ်သမားဝန်ကြီးအပြစ်တင် အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူစစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကြောင့်အလုပ်သမားစေလွှတ်ရတာနိုင်ငံအတွက်အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။ ludunwayooအောက်တိုဘာ 7, 2026