Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက် ဓာတ်အားခွဲစက်ရုံ မီးလောင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက မြို့နယ်တစ်ခုထဲမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ထဲက မြို့နယ်တစ်ခုထဲမှာ လျှပ်စစ်ဓာတ်အားခွဲ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက် မနက်ပိုင်းတုန်းက ဘန်ကောက်ရဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ နွန်ချော့မှာ ဗို့အားမြင့် ဓာတ်အားခွဲစက်ရုံရဲ့ ထရန်စဖော်မာ တစ်ခုကနေ စတင်မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ဓာတ်အားခွဲစက်ရုံ ဝင်းထဲကနေ မည်းနက်တဲ့ မီးခိုးလုံးကြီးတွေ အူထွက်နေပြီး မီးတွေ စွဲလောင်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒေသခံ မီးသတ်တပ်ဖွဲ့က အခင်းဖြစ်တဲ့ နေရာကို အမြန်ဆုံး သွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး အခုဖြစ်စဉ်မှာ ထိခိုက်သေဆုံးမှု သတင်းတော့ မကြားရသေးပါဘူး။

Public Service Announcement

Public Service Announcement

ထိုင်းလျှပ်စစ်ဓာတ်အား စီမံခန့်ခွဲမှု ဌာနက ဓာတ်အားခွဲရုံရဲ့ ထရန်စဖော်မာ တစ်လုံးမှာ ပေါက်ကွဲမှု ဖြစ်ရာက မီးလောင်ခဲ့တာလို့ အတည်ပြုပြီး ဘန်ကောက်က ဓာတ်အားဖြန့်ဖြူးမှု ကွန်ရက်တွေကိုတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ဝါယာရှော့ကြောင့်လို့ ယူဆရပါတယ်။ မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဒေသခံ မီးသတ်ဌာနက ပြောကြားထားပါတယ်။

ကိုးကား: Global Breakdown

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက အထည်ချုပ် စက်ရုံတစ်ခုရဲ့ အလုပ်သမားဆောင်မှာ မီးလောင်ရာက စက်ရုံကို မီးကူးစက်ခဲ့ပြီး မြန်မာဝန်ထမ်း ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က တရုတ် ဘုရားကျောင်း တစ်ခုထဲကို ကားတစ်စီးအရှိန်နဲ့ ဝင်တိုက်ခဲ့ရာကလူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေမှာလည်း နှောင့်နှေးမှုတွေ ပြဿနာတွေနဲ့ ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။

Facebook