Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကိုစစ်အုပ်စုအလုပ်သမားဝန်ကြီးအပြစ်တင်

အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူစစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကြောင့်အလုပ်သမားစေလွှတ်ရတာနိုင်ငံအတွက်အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူ ဦးမောင်မြင့်( ဓာတ်ပုံ - USDP)

အောက်တိုဘာ – ၆၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူစစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကြောင့်အလုပ်သမားစေလွှတ်ရတာနိုင်ငံအတွက်အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။

စစ်အုပ်စုရဲ့ ခရီးသွားဝန်ကြီးကနေအလုပ်သမားဝန်ကြီးဖြစ်လာတဲ့ကြံခိုင်ရေးပါတီဝင်ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေ ရဲ့လခအပေါ် အခွန်ကောက်ခံရရှိမှုနည်းပါးနေတာ ၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းပြန်မလွှဲကြလို့ဆိုပြီး အပြစ်တင်ပြောဆိုလာတာလည်းဖြစ်ပါတယ်။

ဒါကြောင့်ပြည်ပဆီအလုပ်သွားရောက်လုပ်ကိုင်ကြဖို့ မြန်မာနိုင်ငံသားတွေကိုစေလွှတ်တာကနိုင်ငံအတွက် အကျိုးမရှိနေဘူးလို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ပဆီလုပ်သားတင်ပို့တဲ့နိုင်ငံတွေထဲမှာဖိလစ်ပိုင်ပြီးရင်မြန်မာကဒုတိယအများဆုံးဖြစ်လာပြီးပြည်ပရောက်မြန်မာလုပ်သားတွေ နိုင်ငံကိုပြန်ကြည့်ဖို့လိုတယ်လို့အာဏာသိမ်းစစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူကဖိအားပေးပါတယ်။

မြန်မာလုပ်သားတွေလစဉ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းရှိ မိသားစုဆီ ပြန်လွှဲရမယ်လို့ ညွှန်ကြားထားပေမယ့် မလွှဲတဲ့လုပ်သားတွေ ရှိနေတယ်လို့ သူကခြိမ်းခြောက်ပါသေးတယ်။

“လွှဲတဲ့လူကလည်းလွှဲ ၊မလွှဲတဲ့လူကလည်း မလွှဲဆိုတော့ နိုင်ငံတော်က သူတို့ကိုလွှတ်တာလွှဲတာတွေ တကယ်တမ်းအကျိုးမရှိဘူးပေါ့ ၊အကျိုးနည်းတာပေါ့နော်”လို့ အာဏာသိမ်းမှုကိုထောက်ခံအားပေးသူလည်းဖြစ်တဲ့ ဦးမောင်မြင့်က ပြောပါတယ်။

ဦးမောင်မြင့်ဟာအာဏာသိမ်းစစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီးအဖြစ်ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာလ ၃ ရက်မှာ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးနေရာကနေ ပြောင်းရွှေ့ခန့်အပ်ခံရသူပါ။ သူဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်းအလုပ်သမားဝန်ကြီးဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာစစ်တပ်အာဏာသိမ်းပြီးနောက်ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့မြန်မာနိုင်ငံသားတွေဇာတိမြေဆီအလည်အပတ်ပြန်ဖို့အခက်အခဲတွေကြုံနေရတာပါ။

ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ချွေးနည်းစာအပေါ် အခွန်ကောက်တာကို ၂၀၁၂ ခုနှစ်ကစတင်ပြီး အာဏာမသိမ်းခင်အချိန်ထိ ၁၀ ကျော်ကြာ ကင်းလွတ်ခွင့်ပြုထားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အနောက် နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုကိုကြုံလာရပြီးနိုင်ငံခြားဝင်ငွေရရှိမှု နည်း ပါးလာတဲ့အချိန်မှာအာဏာသိမ်းစစ်အုပ်စုဟာ ပြည်ပရောက်မြန်မာလုပ် သားတွေရဲ့ချွေးနည်းစာဝင်ငွေအပေါ် အခွန်စကောက်ပါတော့တယ်။

ဒါအပြင်လစဉ်လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းဆီ သတ်မှတ်ထားတဲ့ ဘဏ်တွေကတဆင့်ပြန်လွှဲရမယ်လို့ ဖိအားပေးထားတာပါ။

ပြည်တွင်းကိုအလည်အပတ်ဖြစ်စေ၊ ခွင့်ပြန်လိုတဲ့ မြန်မာလုပ်သားတွေ ဟာပြည်တွင်းကိုရောက်ရှိပြီးနောက်ပြန်လည်ထွက်ခွာခွင့်ရဖို့အတွက် သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ စစ်တပ်ထိန်းချုပ်မြန်မာသံရုံးမှာ လစာအခွန်ဆောင်ခဲ့တဲ့ပြေစာ ၊ ပြည်တွင်းကမိသားစုဆီလစာရဲ့ ၂၅ ရာခိုင်နှုန်း ကိုလွှဲပို့ထားတဲ့ အထောက်အထားတွေကို နေပြည်တော်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနဆီ တင်ပြရတာပါ။

အဲဒီအထောက်အထားတွေ မတင်ပြနိုင်ရင်တော့ ပြည်တွင်းကနေ ပြန်လည်ထွက်ခွာခွင့်မပြုတာပါ။

ခွင့်ပြန်လုပ်သားတွေရဲ့ပြည်ပထွက်ခွာခွင့်အတွက်တင်ပြတဲ့စာရွက် စာတမ်းအထောက်အထားတွေမှာအများစုဟာ လစဉ် လစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲထားပြီးဖြစ်တဲ့အထောက်အထားတင်ပြဖို့လိုအပ်ချက်ဖြစ်နေတယ်လို့ စစ်အုပ်စုရဲ့အလုပ်သမားဝန်ကြီးဌာနတယ်လီဂရမ်ချန်နယ်ရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

ထိုင်းနိုင်ငံက အထည်ချုပ် စက်ရုံတစ်ခုရဲ့ အလုပ်သမားဆောင်မှာ မီးလောင်ရာက စက်ရုံကို မီးကူးစက်ခဲ့ပြီး မြန်မာဝန်ထမ်း ၇၀ ကျော် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

Facebook