သတင်း
ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၀ရက်တွင် စီးနင်းတိုက်ခိုက်ပြီး ကယ်ထုတ်ခဲ့သည့်အကျဉ်းသားများအနက် တစ်သက် တစ်ကျွန်းကျခံထားရသူ ခုနစ်ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၄၉ဦးပါဝင်ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ဇူလိုင် ၃၀ရက်တွင် ထုတ်ပြန်သည်။