Connect with us

Hi, what are you looking for?

သတင်း

ချွင်းချက်မရှိ ညီညွတ်ဖို့၊ အပြတ်သားဆုံးတိုက်ပွဲဝင်ဖို့ AA တပ်မှူးချုပ်ပြော

အနာဂတ်မှာတည်ဆောက်မယ့် အာရက္ခတိုင်းပြည်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဗဟိုပြုတည်ဆောက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA တပ်မွေးနေ့သို့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပြီး ချွင်းချက်မရှိ ညီညွတ်ဖို့၊ အပြတ်သားဆုံး တိုက်ပွဲဝင်ကြဖို့ မှာကြားလိုက်ပါတယ်။

အာရက္ခတပ်တော် (AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ တပ်ဖွဲ့ဝင်​တွေ

■လက်ကျန်အဆုံးအဖြတ်တိုက်ပွဲတွေ ၂၀၂၆၊ ၂၀၂၇မကုန်ခင် လက်စသိမ်းအောင်ပွဲခံနိုင်ရေးဆက်လုပ်ဖို့ မှာကြား

ဧပြီ−၁၁၊၂၀၂၆။သက်ဝေ/People’s Spring

အနာဂတ်မှာတည်ဆောက်မယ့် အာရက္ခတိုင်းပြည်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားဗဟိုပြုတည်ဆောက်ရမယ့် တိုင်းပြည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA တပ်မွေးနေ့သို့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြခဲ့ပြီး ချွင်းချက်မရှိ ညီညွတ်ဖို့၊ အပြတ်သားဆုံး တိုက်ပွဲဝင်ကြဖို့ မှာကြားလိုက်ပါတယ်။

ဧပြီ ၁၀ရက်မှာကျရောက်တဲ့ AA ဖွဲ့စည်းတည်ထောင်ခြင်း (၁၇)နှစ်ပြည့်နေ့သို့ AA တပ်မှူးချုပ်က ရက္ခိုင်ဘာသာနဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ပြောကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

လက်ကျန် အဆုံးအဖြတ်တိုက်ပွဲတွေကို ၂၀၂၆နဲ့ ၂၀၂၇ ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံဖို့ ယုံကြည်ချက်နဲ့အညီ လုပ်စရာရှိတာတွေဆက်လုပ်ဖို့ AAတပ်မှူးချုပ်က ပြောကြားခဲ့ပြီး မိုးဆုံးမြေဆုံးချီတက်ကြရမယ်လို့ အသိပေးပါတယ်။

ပေးဆပ်ထားရမှုတွေအလဟသ မဖြစ်စေရဘဲ နိုင်ကိုနိုင်ရမယ်၊ အောင်ကိုအောင်ရမယ်ဆိုတဲ့ ယုံကြည်မှု သန္နိဋ္ဌာန်နဲ့အတူ ဆက်လက်ပြီး အပြတ်သားဆုံးတိုက်ပွဲဝင်သွားကြရမယ်လို့ လမ်းညွှန်မှာကြားလိုက်ကြောင်း AA တပ်မှူးချုပ်ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ဘ၀တူ အဖိနှိပ်ခံ တော်လှန်ရေးမိတ်ဖက်အင်အားစုတွေကို စာနာနားလည်မှု၊ မှန်ကန်သောစေတနာတွေနဲ့တက်နိုင်သမျှ လက်တွဲ ဖေးမကူညီကြဖို့လည်း AA တပ်မှူးချုပ်က ပြောပါတယ်။
ဘုံရန်သူကို အတူတူလက်တွဲပြီး တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်ကောင်းတွေကို အလေးအနက်ထား အပြန်အလှန်ကူညီ ပြီး ဆက်လက်တိုက်ပွဲဝင်ကြရမယ်လို့လည်း ပြောပါတယ်။

ရက္ခိတအိပ်မက်၊ အာရက္ခ အချုပ်အခြာအာဏာ ပြန်လည်ရရှိရေး အိပ်မက် လက်တွေ့ဖြစ်လာဖို့ အလုပ်နဲ့ သက်သေပြကြရမှာဖြစ်တယ်လို့လည်း AA တပ်မှူးချုပ်က ပြောပါတယ်။

တိုင်းပြည်တည်ဆောက်ရေး ယုံကြည်မှု အခြေခံအတွေးအခေါ်မူဝါဒလမ်းစဉ်တွေနဲ့အညီ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ ကိုလည်း ပုံဖော်တည်ဆောက်နေပြီး အာရက္ခပြည်ထဲမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ တန်းတူရည်တူ ငြိမ်းချမ်းစွာ ရှင်သန်နေထိုင်နိုင်ဖို့၊ လူမျိုးစုအချင်းချင်းကြား သဟဇာတရှိရှိနဲ့နေထိုင်ကြဖို့ နိုင်ငံသားတိုင်းကို တရားမျှတတဲ့ ဥပဒေတွေ ပြဌာန်းပြီး အခွင့်အရေးနဲ့ တာဝန်တွေကို မျှတစွာ ပုံဖော်လုပ်ဆောင်ဖို့ အသိအမှတ်ပြုဖို့ အစွမ်းကုန်ကြိုးစားနေကြောင်းလည်း AA တပ်မှူးချုပ်ကပြောကြားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပြည်သူတွေကိုလေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း AA တပ်မှူးချုပ်ရဲ့ သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။ ပြည်သူတွေကို လေကြောင်း အကြမ်းဖက်မှု အန္တရာယ်က လုံလောက်အောင် ကာကွယ်ပေးနိုင်ရေး နည်းပညာနဲ့ ရုပ်၀တ္ထုပစ္စည်း လက်လှမ်းမမီနိုင်တဲ့ ကြားကာလတခု ဖြတ်သန်းနေရကြောင်း AA တပ်မှူးချုပ်က ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ကနေ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေးအတွက် အာရက္ခတပ်တော် အနေနဲ့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း ကြံဆကြိုးစားနေကြောင်းလည်း အသိပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးကြရတဲ့ ပြည်သူတယောက်ချင်းစီအတွက်တရားမျှတမှု ရရှိအောင် ကြိုးစားရမယ်လို့လည်း ပြောပါတယ်။ တရားမျှတမှု ရရှိအောင် ကြိုးစားရာမှာလည်း မရေမရာတဲ့ နိုင်ငံတကာ တရားစီရင်ရေးဆိုတာထက် ပိုလက်တွေ့ကျတဲ့ ကိုယ့်အင်အားကို ကိုယ်ဗဟိုပြု တည်ဆောက်ပြီး အထူးတလည် ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားကြရမှာဖြစ်ကြောင်းလည်း AA တပ်မှူးချုပ်က ပြောပါတယ်။

အင်အားရှိမှ တရားမျှတမှုကိုရရှိနိုင်မှာဖြစ်ကြောင်း၊ တရားမျှတမှုဆောင်ကြဉ်းနိုင်ဖို့ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ဖို့ စွန့်စားစရာရှိတာတွေ အားလုံးလက်တွဲညီညီ စွန့်စားကြဖို့ တိုက်စရာရှိတာ အဆုံးထိတိုက်ကြဖို့လည်း AA တပ်မှူးချုပ်က ပြောကြားပါတယ်။

AA ရဲ့ တပ်မွေးနေ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အခြားတော်လှန်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

CRPHက ပေးပို့တဲ့ သဝဏ်လွှာမှာ နောင်နှစ်ပေါင်းများစွာ တိုင် အာရက္ခပြည်သူတို ယုံကြည်အားကိုးရသော တပ်မတော်ကြီးအဖြစ် ခိုင်မာစွာရပ်တည် နိုင်ပါ စေကြောင်းနဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုအားလုံးနဲ့ ညီညွတ်စွာ လက်တွဲ၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးမှာ အဓိကမဏ္ဍိုင် တစ်ခုအဖြစ် အောင်မြင်စွာ ပါဝင်နိုင်ပါ စေကြောင်း ဆန္ဒပြုထားပါတယ်။

“အာရက္ခတပ်တော်နှင့်အာရက္ခပြည်သူတို မျှော်မှန်းသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တရားမျှတမှုတိုသည် မိမိတို တော်လှန်ရေးအင်အားစုအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။
တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့် တစ်စုတစ်ဖွဲချင်း၏ အင်အားများကို ညီညွတ် သောအင်အားစုတစ်ခုအဖြစ် စုစည်းကာ ဘုံရည်မှန်းချက်အတွက် တညီတညွတ်တည်း ရပ်တည် ကြမှသာလျှင် အကြမ်းဖက်စစ်အာဏာရှင်များသာမက မည်သည့်အင်အားကမျှ မဖြိုဖျက်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်” လို့ CRPH ရဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။