Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဗျူဟာကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းက ဗုံးကြဲ

ကချင်ပြည်နယ်က စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။

ဧပြီ-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်က စစ်တပ်ရဲ့ ဖားကန့်ဗျူဟာကုန်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။

ဒီနေ့ ဧပြီ ၁၁ရက် နေ့လယ်ပိုင်းမှာ ဖားကန့်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ‌ဒရုန်းနဲ့ဗုံးကြဲအပြီး နာရီဝက်ခန့်အကြာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးလာကြဲတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ဗျူဟာကုန်းပေါ်က ချက်ကောင်းကို ထိတာ။ သေဆုံးမှုတွေရှိလို့ လေကြောင်းကနေ လာကြဲတာနေမယ်။ လေကြောင်းက လာပြီဆို သူတို့ ထိလို့ပဲ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်ဒေသမှာ တိုက်ပွဲတတကျော့ပြန်ဖြစ်ပွားတဲ့ ဧပြီ၂ရက်နဲ့ ဧပြီ ၉ရက်ကလည်း စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ဧပြီ ၂ရက်ကတိုက်ပွဲအတွင်းမှာ ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ကထိခိုက်သေဆုံးမှုများသလို KIA၊KPDFဘက်မှာလည်း အထိအခိုက်ရှိခဲ့ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြောင့် လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်တပ်ကလည်း လမ်းပိုင်းအချို့ကို ကန့်သတ်ထားပါတယ်။

လက်ရှိမှာ ဖားကန့်ဒေသကို စစ်တပ်က အင်အားထပ်ဖြည့်နေပြီး KIA၊KPDF ထိန်းချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာနိုင်လို့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook