Connect with us

Hi, what are you looking for?

သတင်း

တရုတ်ထုတ် အဆင့်မြင့်ကင်းထောက်ဒရုန်းတွေ နမခ ရောက်လာ

တရုတ်နိုင်ငံထုတ် အဆင့်မြင့်ကင်းထောက်ဒရုန်းတွေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

နမခကနေ ကင်းထောက်ပျံသန်းမယ့် VTOL Fixed-Wing UAV တစ်စီးကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဧပြီ-၁၁၊၂၀၂၆။မိုမို/People’s Spring

တရုတ်နိုင်ငံထုတ် အဆင့်မြင့်ကင်းထောက်ဒရုန်းတွေ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်လာတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

ပြေးလမ်းမလိုဘဲ ဒေါင်လိုက်တက်ဆင်းနိုင်ပြီးတာနဲ့ အဝေးပျံသန်းနိုင်တဲ့ တောင်ပံတပ်အဆင့်မြင့် ကင်းထောက်ဒရုန်း VTOL Fixed-Wing UAV ၅စီးဟာ နမခကို အခုရက်ပိုင်းထဲရောက်လာပြီး လေ့ကျင့်စမ်းသပ်မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

” အပူခြေရာခံစက်ပါတယ်။လေပေါ်မှာပျံဝဲချိန်က သုံးနာရီလောက်ခံတယ်။အဲဒါနဲ့ ကင်းထောက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတယ်”လို့ အထက်ပါတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

နမခ ရောက်လာတဲ့ VTOL Fixed-Wing UAV ကင်းထောက်ဒရုန်းတွေဟာ မိုင် ၂၀၀ဝန်းကျင်ပျံသန်းနိုင်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းက ဒရုန်းတွေအကြောင်းလေ့လာနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“Battery ကောင်းရင် မိုင် ၂၀၀ လောက်ထိသွားလို့ရတယ်။ကင်းထောက်နိုင်တယ် ဗုံးသီးချနိုင်တယ်”လို့ သူက ရှင်းပြပါတယ်။

အရင်က စစ်ကိုင်းတိုင်းမှာ တရုတ်ထုတ် DJI ဒရုန်းနဲ့ လေယာဥ်တွေကိုပဲအများစုသုံးပြီး စစ်တပ်က ကင်းထောက်ခဲ့တာလို့လည်း အသိပေးပါတယ်။

“ဒီလိုမျိုးဟာမျိုးမမြင်ဖူးသေးဘူး။အသုံးပြုတာလည်း မတွေ့ရသေးဘူး”လို့ အရာတော်မြို့နယ်က ကာကွယ်ရေးရဲဘော်တစ်ဦးက VTOL Fixed-Wing UAV ကင်းထောက်ဒရုန်းနဲ့ပတ်သက်ပြီး ပြောပါတယ်။

နိုင်ငံ့ဘက်ဂျက်ကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်နဲ့ စစ်တပ်လိုလားတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေကြောင့် အဆင့်မြင့်ဒရုန်းတွေ ရောက်လာတာက အထူးအဆန်းမဟုတ်ပေမယ့် ဒေသတွင်းလူထုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပိုဂရုစိုက်ရမယ်လို့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက သတိပေးပါတယ်။

အခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော် ဝါရီလနောက်ဆုံးပတ်အထိ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှု ၂၆ ကြိမ်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာ၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေအတွင်း လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ၁၁ဦးသေဆုံးပြီး ၂၄ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ BNI-Myanmar Peace Monitor က ဖော်ပြပါတယ်။

စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအရ အကြီးအကျယ်ရှုံးခဲ့ပြီး အထူးသဖြင့် ရှမ်းမြောက်တိုက်ပွဲတွေအပြီးမှာ ဒရုန်းနည်းပညာနဲ့ပတ်သက်လို့ ဆက်တိုက်အင်အားဖြည့်နေတယ်လို့ မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ စောင့်ကြည့်လေ့လာသူတွေက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။