Hi, what are you looking for?
■အောင်စေနွေဦး ဝါလကင်းလွတ်သီတင်းကျွတ်…တဲ့၊ သေနတ်သံ ဗုံးသံလောက်မှ မကျယ်လောင် ရင်ဘာလို့ ဗျောက်အိုးဖောက်နေတော့မလဲ၊ရှူးဒိုင်း ဆိုတာလည်းအမြောက်သံနဲ့ ယှဥ်ရင်ရယ်စရာပေါ့၊ မီးပန်း ကလွင့်တဲ့ မီးပွားမဟုတ်ဘူးအဲတာ အိမ်တိုင်ကို မီးလောင်နေတာ၊ တရွာလုံး တရပ်လုံးမီးဟုန်းဟုန်းတောက် နေပြီးမှဖယောင်းတိုင်က ထွန်းစရာလိုသေးလိုလား။ သီတင်းကျွတ်ကျွတ် မကျွတ်ကျွတ်အပူမီးကတော့ ရွာလုံးကျွတ်ပဲ။