Connect with us

Hi, what are you looking for?

သတင်း

တ်မောက်မှာ ပျူစောထီး ၂ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ တစ်ဦးကို အသက်မပြည့်သေးလို့ ပြန်လွှတ်ပေး

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ဂွေးချောင်းရွာအနီးမှာ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးသွားပါတယ်။

ပျူစောထီးတွေဆီက သိမ်းဆည်းရမိတဲ့ လက်ပစ်ဗုံးနဲ့ ဖုန်းအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-ငါးပြေမပြောက်ကျားတပ်ဖွဲ့

ဧပြီ−၁၀၊ ၂၀၂၆၊ဟာနာဆန်/People’a Spring

​မကွေးတိုင်း၊ နတ်မောက်မြို့နယ် ဂွေးချောင်းရွာအနီးမှာ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးသွားပါတယ်။

​ဖြစ်စဉ်ကတော့ ပိတောက်ငုတ် ပျူစောထီးကျေးရွာက ခေါင်းဆောင် ခင်မောင်ဌေးရဲ့ တပည့်တွေဖြစ်တဲ့ အောင်ဌေးလွင် အပါအဝင် ၃ဦးဟာ ဂွေးချောင်းရွာက မင်္ဂလာဆောင်ကို သွားမယ်ဆိုတဲ့ သတင်းကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က ကြိုရထားတာပါ။ ဒါကြောင့် ဧပြီ ၈ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်မှာ မင်္ဂလာဆောင်ကအပြန် စောင့်ကြိုပစ်ခတ်ခဲ့တာဖြစ်ပြီး အောင်ဌေးလွင်နဲ့ အေးဇော်တို့ ၂ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် (၃)တပ်ရင်း (ငါးပြေမပြောက်ကျားတပ်ဖွဲ့)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း အသက်(၁၄)နှစ်ခန့်ရှိ ပျူစောထီးအဖွဲ့ဝင် မောင်ဝေယံဟာ ၎င်းရဲ့လွယ်အိပ်အတွင်းရှိ လက်ပစ်ဗုံးနဲ့ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“သေသွားတဲ့နှစ်ယောက်က ပိတောက်ငုတ်ပျူခေါင်းဆောင်ရဲ့ အားကိုးရတဲ့ တပည့်တွေပါ။”လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

​သူတို့ဆီကနေ ဖုန်း ၃လုံး၊ Laptop ၁လုံးနဲ့ လက်ပစ်ဗုံး ၁လုံးကို သိမ်းဆည်းရမိခဲ့သလို အတူပါလာတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံကိုတော့ အသက်မပြည့်သေးတာကြောင့် နောက်နောင် စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဆုံးမပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

​သေဆုံးသွားတဲ့ ပျူစောထီး ၂ ဦးဟာ အတင်းအဓမ္မ ပေါ်တာဆွဲတာ၊ ငွေညှစ်တာနဲ့ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့နေရာမှာ ပါဝင်သူတွေဖြစ်တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

နတ်မောက်မြို့နယ်ထဲကို အောင်လံမြို့အခြေစိုက် အမှတ်(၁၇)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ−၁၇ )က စစ်ကြောင်းတစ်ကြောင်းနဲ့ နေပြည်တော်ကလာတဲ့စစ်ကြောင်းတွေ ရောက်ရှိနေပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။