Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲလုပ်နေတဲ့ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်က ကျေးရွာတရွာကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ရာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ထိခိုက်သေဆုံးသူ များတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ် ညောင်ရမ်းကျေးရွာက ရပ်ကျေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော်တဦးကျဆုံးခဲ့ပြီး လက်နက်တွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်က ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာလို့ ကလေးငယ် ၁ဦး အပါ၀အင် ၃ဦး ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် အမှတ်(၂) တပ်ရင်းက ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေရဲ့ ကျန်ရှိမိသားစုတွေကို သီတင်းကျွတ် အခါကြီးရက်မြတ်မှာ အမှတ်တရ လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ၃၂လမ်းက Beauty Land Hotel မှာ အမျိုးသမီးတဦးကို အပိုင်းပိုင်းဖြတ်တောက် ခုတ်ထစ်ထားတဲ့ လူသတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

အထွေထွေထိုးစစ်အတွက် ကြိုတင်ပြင်ဆင်မှုအတွက် ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်းကို PDFအသွင်လေ့ကျင့်စုဖွဲ့ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော် အောင်စံရှားက ပြောကြားပါတယ်။

သတင်း

တနသ်ာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ရက်ဆက်တိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးတပ်သားတွေရဲ့ ရုပ်အလောင်းတွေကိုပြန်မကောက်ပဲထားခဲ့တာ​ကြောင့်တော်လှန်ရေးရဲ ဘော်တွေက မီးသဂြိုလ်ပေးခဲ့ရတယ်လို့ ထား ဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့(အောက်တိုဘာ ၆) သီတင်းကျွတ်လပြည့်ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်း၊ ကရင်နဲ့ ကချင်ပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သီတင်းကျွတ်လပြည့် တော်လှန်ဆီမီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၆) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook