Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျားဖြန့် တိုက်ဖျက်ရေး ဥပဒေ တစ်ရပ်ကို ကမ္ဘောဒီးယား ပြဋ္ဌာန်း

ဆိုက်ဘာ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို ပစ်မှတ်ထား ချိုးနှိမ်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ဥပဒေ တစ်ရပ်ကို ကမ္ဘောဒီးယားမှာ ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်ပါတယ်။

ဓာတ်ပုံ - Khmer Times

ဆိုက်ဘာ ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေကို ပစ်မှတ်ထား ချိုးနှိမ်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ဥပဒေ တစ်ရပ်ကို ကမ္ဘောဒီးယားမှာ ပထမဆုံးအကြိမ် ပြဋ္ဌာန်းလိုက်ပါတယ်။

အဲဒီဥပဒေဟာ နိုင်ငံတကာမှာ လူပေါင်းများစွာကို ဒေါ်လာ ဘီလီယံနဲ့ချီ နစ်နာဆုံးရှုံးမှုတွေ ကြုံတွေ့စေခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေကို အဓိက ပစ်မှတ်ထားပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဟာ အရှေ့တောင်အာရှရဲ့ ကျားဖြန့်လုပ်ငန်းတွေ အဆိုးဆုံး နိုင်ငံတစ်ခုအဖြစ် နာမည်ဆိုး ထွက်နေပြီး အဲဒီရာဇဝတ်ဂိုဏ်းတွေကို ထိထိရောက်ရောက် တိုက်ဖျက်ပေးဖို့ အစိုးရအပေါ် တောင်းဆိုမှုတွေလည်း မြင့်တက်လာနေပါတယ်။

ဧပြီ ၃ ရက်နေ့မှာတော့ တရားရေးဝန်ကြီး ကူးထ်ရစ်သ်က ဥပဒေသစ်အကြောင်း အတည်ပြု ကြေညာခဲ့ပြီး နိုင်ငံအနှံ့က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းရာမှာ ပိုပြီး ရှင်းလင်းတိကျ ပြတ်သားလာအောင် ရည်ရွယ် ရေးဆွဲထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဥပဒေဟာ ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွဲပြီးရင် နောက်တစ်ကြိမ် ခေါင်းထောင်မလာအောင်လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဥပဒေဟာ အွန်လိုင်း ကျားဖြန့် လုပ်ငန်းတွေ ကမ္ဘောဒီယားမှာ ထပ်ပြီး အခြေစိုက်ခွင့် မရနိုင်ဘူးဆိုတာ သေချာစေဖို့၊ ကမ္ဘောဒီးယား နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေဖို့ ဘက်ပေါင်းစုံကနေ စဉ်းစားပြီး ရေးဆွဲထားကြောင်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။

ဥပဒေသစ်ကို လွှတ်တော်က အတည်ပြုပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းအရ ကမ္ဘောဒီးယား ဘုရင်က တရားဝင် လက်မှတ်ရေးထိုး ပြီးတဲ့အခါ အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားသူတွေကို ၂ နှစ်ကနေ ၅ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဒေါ်လာ ၁၂၅၀၀၀ အထိ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေသစ်က ဆိုပါတယ်။ ဒါတင် မကသေးဘဲ ငွေကြေး ခဝါချမှု၊ ကျားဖြန့် လုပ်ငန်းတွေအတွက် သားကောင်အဖြစ် ပစ်မှတ်ထားသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းမှု၊ ကျားဖြန့် ဝန်ထမ်းတွေကို စည်းရုံးလူစုမှု ကျူးလွန်သူတွေကိုလည်း ရာဇဝတ်ကြောင်းအရ အရေးယူမှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ကမ္ဘောဒီးယား အစိုးရဟာ ပြည်တွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လည်ပတ်နေတယ် ဆိုတာကို ငြင်းဆိုခဲ့ပေမယ့် နိုင်ငံတကာ ဖိအားပေးမှုတွေ မြင့်တက်လာမှသာ အဲဒီ ဂိုဏ်းတွေကို ဖြိုခွင်းဖို့ ပိုမို အာရုံစိုက်လာခဲ့ပါတယ်။ အခုအခါမှာတော့ ပြည်တွင်းမှာ ရှိနေတဲ့ ရာနဲ့ချီ များပြားတဲ့ ကျားဖြန့်လုပ်ငန်းတွေကို အပြီးတိုင် ပိတ်သိမ်းစေဖို့နဲ့ ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ဖို့ အာရုံစိုက် လုပ်ဆောင်နေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။