Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်က အပစ်ရပ်ဖို့ တောင်းဆိုထားကြောင်း ထရမ့်ပြော၊ အီရန်ဖက်က ငြင်းဆို

အပစ်အခတ် ရပ်စဲဖို့ အီရန် သမ္မတက တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို အီရန်ဖက်က ငြင်းဆိုသွားခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲဖို့ အီရန် သမ္မတက တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို အီရန်ဖက်က ငြင်းဆိုသွားခဲ့ပါတယ်။

အီရန်ရဲ့ ပုံစံသစ် ပြောင်းလဲသွားတဲ့ အစိုးရရဲ့ သမ္မတက သူ့ကို အပစ်ရပ်ဖို့ တောင်းဆိုခဲ့ကြောင်း ဧပြီ ၁ ရက်နေ့မှာ ထရမ့်က လူမှုကွန်ရက်ပေါ် ရေးသားထားခဲ့ပါတယ်။ အီရန်သာ ဟောမုဇ် ရေလက်ကြားကို ပိတ်ထားတဲ့ ကိစ္စ လက်လျှော့လိုက်ပြီး အဲဒီ ရေလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း၊ လွတ်လွတ်လပ်လပ် ပြန်ဖွင့်ပေးရင်တော့ သူ့အစိုးရကလည်း အပစ်ရပ် တောင်းဆိုမှုကို စဉ်းစားမယ်လို့ ထရမ့်က မှတ်ချက် ပေးထားခဲ့ပါတယ်။

သူပြောတဲ့ အီရန် အစိုးရသစ်ရဲ့ သမ္မတ ဆိုတာဟာ လက်ရှိ အီရန်သမ္မတဖြစ်တဲ့ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကိုပဲ ရည်ညွှန်းတာလား ဆိုတာတော့ တိတိကျကျ မသိရပါဘူး။

ထရမ့်ရဲ့ လူမှုကွန်ရက် ပို့စ်ထဲမှာ အီရန် အစိုးရသစ်ရဲ့ သမ္မတက အခုလေးတင်ပဲ အမေရိကန်ကို အပစ်ရပ်ဖို့ တောင်းဆိုလိုက်တယ်လို့ ရေးသားထားပေမယ့် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပယ်ချသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အစ္စမေးလ် ဘာကာအီက အီရန်ဟာ ဘယ်တုန်းကမှ အပစ်ရပ်ဖို့ အမေရိကန်ကို မတောင်းဆိုခဲ့ဘူးလို့ ပြောကြားခဲ့ပြီး ထရမ့်ရဲ့ စကားတွေက အခြေအမြစ် မရှိတဲ့ မုသားတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ထရမ့်ကတော့ အမေရိကန်ဟာ ဟောမုဇ် ရေလက်ကြား ပြန်ပွင့်မှ အပစ်အခတ် ရပ်စဲရေးကို စဉ်းစားမှာ ဖြစ်ကြောင်း၊ အဲဒီမတိုင်ခင် အထိတော့ အီရန်ကို ကျောက်ခေတ် ပြန်ရောက်သွားတဲ့ အခြေအနေထိ တိုက်ခိုက် ချေမှုန်းနေမှာဖြစ်ကြောင်း သူ့ရဲ့ကိုယ်ပိုင် လူမှုကွန်ရက် ပလက်ဖောင်း Truthမှာ ရေးသားထားခဲ့ပါတယ်။ ဒါဟာ အီရန်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

အစောပိုင်းမှာ ထရမ့်က အမေရိကန်ဟာ အီရန်နဲ့ သဘောတူညီမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ထပ် နှစ်ပတ်၊ သုံးပတ်လောက် အကြာမှာ စစ်ပွဲကို ရပ်တန့်ပစ်နိုင်ခြေ ရှိကြောင်း၊ အဲဒီအခါ လက်ရှိ မြင့်တက်နေတဲ့ လောင်စာဆီ စျေးတွေလည်း ထိုးကျသွားမှာဖြစ်ကြောင်းလည်း ပြောကြားထားခဲ့ပါသေးတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)ကို စူပါဉာဏ်ရည် (SI)လို့ နာမည်ပြောင်းလဲ သတ်မှတ်တဲ့ အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook