သတင်း လပြည့်နေ့မှာနမ္မတူနဲ့သီပေါကိုစစ်တပ်ဗုံးထပ်ကြဲ သီတင်းကျွတ်လပြည့်နေ့ ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက နမ္မတူနဲ့ သီပေါမြို့တို့ကို လေကြောင်းကနေ ဗုံးထပ်ကြဲသွားပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
နိုင်ငံတကာ ထိုင်းက စျေးဝယ်စင်တာ တစ်ခုမှာ လက်နက်ကိုင် ဓားပြတွေက ရွှေဆိုင်ကို ဝင်ရောက်လုယက် ထိုင်းနိုင်ငံက စျေးဝယ်စင်တာ တစ်ခုကို လက်နက်ကိုင် ဓားပြတွေက ဝင်ရောက် စီးနင်းပြီး ရွှေဆိုင်တစ်ခုထဲက ရွှေထည်တွေကို လုယက်သွားခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
နိုင်ငံတကာ ထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို အစ္စရေးရော၊ ဟားမားစ်ပါ လက်ခံထားပေမယ့် ဂါဇာမှာ တိုက်ပွဲတွေ မရပ်သေး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အဆိုပြု အစီအမံကို အစ္စရေးရော၊ ဟားမားစ်ကပါ သဘောတူ လက်ခံထားပေမယ့် ဂါဇာ ကမ်းမြှောင်ဒေသမှာ တိုက်ခိုက်မှုတွေက ဆက်လက် ဖြစ်ပွားနေဆဲပါ။ ludunwayooအောက်တိုဘာ 6, 2025
နိုင်ငံတကာ ကလေး တစ်ဒါဇင်ကျော် သေဆုံးမှုနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ ချောင်းဆိုးပျောက်ဆေးကို အိန္ဒိယ ပြည်နယ်တစ်ခုမှာ ပိတ်ပင် ကလေး တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အိန္ဒိယက ပြည်နယ် တစ်ခုမှာ Coldrif ချောင်းဆိုးပျောက်ဆေးရည်ကို ရောင်းချခွင့် ပိတ်ထားလိုက်ပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
နိုင်ငံတကာ ယူကရိန်းအနှံ့ ဓာတ်အားနဲ့ ဓာတ်ငွေ့ ဖြန့်ဝေစနစ်တွေကို ရုရှားတိုက်ခိုက်၊ ၅ ဦးထက်မနည်း သေဆုံး ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့သလို စွမ်းအင် ဖြန့်ဝေမှုဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
သတင်း နမ္မတူနဲ့ သီပေါကို စစ်ကောင်စီလေကြောင်းတိုက်ခိုက် သတင်းကျွတ်လပြည့်နေ့ မနက်အစောပိုင်းမှာစစ်ကောင်စီက သီပေါ နဲ့ နမ္မတူမြို့ကိုလေကြောင်းကနေဗုံးထပ်ကြဲသွားပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
သတင်း ရွေးကောက်ပွဲ ဆန့်ကျင်သူတွေအပါအဝင် စက်တင်ဘာမှာ ဖမ်းဆီးခံရတဲ့ပြည်သူ ၁၆၀ ကျော်ရှိ ပြီးခဲ့တဲ့ စက်တင်ဘာမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရတဲ့ ပြည်သူ ၁၆၀ကျော်ရှိပြီး ရွေးကောက်ပွဲအတွက် ဆန့်ကျင်သည့်ကိစ္စတွေကိုပါ စောင့်ကြည့်ဖမ်းဆီးမှုတွေရှိလာတယ်လို့ Rangon Scout Network -RSN တာဝန်ရှိသူက ပြောပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
သတင်း ရွှေဘိုနယ် ဇီးကုန်းလေးရွာက စစ်တပ်ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးကုန်းလေးကျေးရွာက စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းတချို့ရရှိတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
သတင်း သီပေါမြို့ပေါ် စစ်ကောင်စီ ထပ်မံဗုံးကြဲလို့ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီး အာဏာသိမ်းစစ်ကောင်စီက ရှမ်းမြောက်က သီပေါမြို့ ဇတ်စုရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်း၊ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ်အဆောက်အဦး ၁၃လုံး ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က အောက်တိုဘာ ၅ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 6, 2025
သတင်း စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ကြဖို့ အမေရိကန်ရောက်မြန်မာတွေ ဆန္ဒပြ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၅)မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 6, 2025