Connect with us

Hi, what are you looking for?

သတင်း

တောင်သာက မင်းတည်းရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး၊ အမျိုးသမီး ၃ဦး ဖမ်းထား

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မင်းတည်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အမျိုးသမီး ၃ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်က မင်းတည်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - ဒေသခံ

မတ်-၂၅၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က မင်းတည်းကျေးရွာကို စစ်တပ်က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ အမျိုးသမီး ၃ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌တောင်သာမြို့ပေါ်က စစ်တပ်ဟာ မတ်လ၂၀ ရက်မှာ ညောင်တိုနဲ့ ကန်ပေါက်ကျွန်းကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။ မတ်လ၂၃ရက်မှာ အဲဒီစစ်ကြောင်းဟာ မင်းတည်းရွာကို ရောက်ရှိခဲ့ပြီး ဒေသခံအမျိုးသမီး ၃ဦး ဖမ်းဆီးထားကာ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

“ဘာမှမရှိဘူး။ဒီအတိုင်းစစ်ကြောင်းထိုးပြီး မီးရှို့ခဲ့တာ။အမျိုးသမီး၃ဦးကို ဖမ်းထားတယ်ကြားတယ်။နောက်ဆက်တွဲမသိရသေးဘူး။စစ်ကြောင်းကရွာနားပတ်လည်မှာပဲရှိ သေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မင်းတည်းရွာဟာ အိမ်ခြေ၈၀၀ကျော် ရှိပြီး တစ်ရွာလုံးမီးရှို့ခံရကာ နေအိမ် ၄လုံးခန့်သာ ကျန်ခဲ့တယ်လို့ သိရပါတယ်။

ဒီကျေးရွာဒေသခံတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ အဝတ်အထည် တွေအရေး ပေါ်လိုအပ် နေတယ်လို့ဆိုပါတယ်။

မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာတွေဆက်တိုက်ပြုလုပ် နေပြီး မီးဘေးသင့်ပြည်သူ သောင်းနဲ့ချီရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။