Connect with us

Hi, what are you looking for?

သတင်း

နတ်ရေကန်ဗျူဟာနဲ့ ကပစ(၁၆)အနီး တိုက်ပွဲတွေမှာ စစ်တပ်အထိနာပြီးစစ်ကြောင်းတွေလန်ကျနေ

မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာအနီး နဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်က ကပစ (၁၆) အနီးပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

၂၀၂၅ စက်တင်ဘာလမှာ နတ်​ရေကန်ဗျူဟာအနီးမှစစ်တပ်ကာကင်းစခန်းကိုသိမ်းယူပြီး​နောက် AA တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-AA Infodesk

မတ်-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာအနီး နဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်က ကပစ (၁၆) အနီးပတ်ဝန်းကျင်မှာ အာရက္ခတပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

●နတ်​ရေကန်ဗျူဟာအနီးတိုက်ပွဲ

နတ်ရေကန်ဗျူဟာကိုAAနဲ့ ပူးပေါင်းတပ်တွေပိတ်ဆို့ထားပြီး စစ်တပ်မြေပြင်စစ်ကြောင်းတွေကပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကနေ စစ်ကူပို့ဖို့အတင်းဝင်တိုး​နေတဲ့အတွက်တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက ဆက်တိုက်ဖြစ်နေပြီး စစ်တပ်စစ်ကြောင်းတွေ လန်ကျနေတာ။ လေကြောင်းက ဆက်တိုက်လာနေပြီး ဒီအခြေအနေကြားထဲကနေ ချနေတာ။စစ်တပ်ဘက်ကနတ်ရေကန်ကို အင်အားတောက်လျှောက်ဖြည့်နေတယ်။ ဖြတ်တောက်ရေးပိုင်းတွေမှာလည်း စစ်ကြောင်းလိုက်ထိထားတယ်” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

နတ်ရေကန်ဗျူဟာရဲ့ နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို AAနဲ့ ပူးပေါင်းတပ်တွေက မတ်လဆန်းတိုက်ပွဲတွေမှာ သိမ်းယူလိုက်ပြီးတဲ့နောက်​တော်လှန်​ရေးတပ်​တွေကဗျူဟာကို ဦးတည်တဲ့ အနီးကပ်စစ်ဆင်ရေးစတင်နေတာပါ။

စစ်တပ်ကလည်း နတ်ရေကန်ဗျူဟာကနေ၂မိုင်ခန့်အကွာမှာရှိတဲ့အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးရွာကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုး စစ်ကူပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ပဒါန်းမြို့နယ်မှာရှိတဲ့အမှတ်(၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(အမတ)ကတဆင့် အင်အားတွေဖြည့်နေပါတယ်။

မတ်လ ၂၃ရရက်က တိုက်ပွဲမှာ အမန(၉၀၅)ကနေ တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို AAနဲ့ ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ဘာနဲ့ ပစ်ခတ်လို့ အရာရှိတွေအပါအဝင် သေဆုံးသူတွေများပြားခဲ့သလို ယာဉ်တန်းမှာပါတဲ့ကားတစ်ချို့လည်း မီးလောင်သွားတယ်လို့ မြေပြင်သတင်းမြစ်တစ်ဦးကပြောပါတယ်။

“အဲဒီဖြစ်စဉ်မှာ ဆယ်ယောက်ကျော်သေဆုံးတယ်လို့သတင်းပြန်ရတယ်။ အရာရှိပါတယ်လို့ပဲသိရပြီး သတင်းပေးကိုယ်တိုင်ကကို အသေးစိတ်မပြောဘူး။ ကျနော်တို့ဆီကို အလင်းဝင်မှုချိတ်ဆက်တဲ့သူလည်းပိုများလာတယ်”လို့ AAနဲ့အတူတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်က တာဝန်ရှိသူတဦးကပြောပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ပဇီရွာ၊ဂုတ်ကြီးရွာတွေကို ‌AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားပါတယ်။ နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။ စစ်ကောင်စီက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေပြီးမတ်လ ၂၅ရက် မနက်ပိုင်းမှာတင် ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်လို့ သတင်းရရှိပါတယ်။

●ကပစ(၁၆)အနီးတိုက်ပွဲ

ပန်းတောင်းမြို့နယ်ထဲက ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆) ရှိတဲ့ မသုန်ရွာအနီးမှာလည်း တိုက်ပွဲဆက်ပြင်းထန်နေပြီး ပန်းကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

“ပန်းတောင်းတိုက်ပွဲလည်း နတ်ရေကန်လိုပဲ။တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးမှုယူထားတဲ့နေရာတွေကို စစ်တပ်က လေကြောင်းက‌နေ ပစ်နေတာ။ မြေပြင်ကတိုက်ပွဲကတော့ ကိုယ့်ဘက်က ရှေ့တိုးတာ” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ စစ်တပ်ထိခိုက်သေဆုံးထိခိုက်မှုတွေများပြားနေပြီး စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ AAရဲ့ စခန်းတွေကိုသိမ်းယူထားနိုင်ကြောင်း သတင်းအမှား တွေ ဆက်တိုက်ဖြန့်ဝေနေပါတယ်။

ကပစ(၁၆)နဲ့လည်း ဆက်စပ်ပြီး ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ၆၆၆ ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ဆန်းမှာ ပိုမိုပြင်းထန်လာတာလို့ သိရပါတယ်။

၆၆၆ ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း AAက ဖမ်းဆီးခဲ့ပါတယ်။ ကပစ(၁၆)အနီး တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး AAက ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာလ၁၁ရက်နေ့က ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့ အသိပေးထားပါတယ်။

ကပစ(၁၆)အနီး တိုက်ပွဲတွေမှာ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၁)၊ခမရ (၃၆၈)၊ခမရ (၃၆၃) တပ်ရင်းတွေပါဝင်နေတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။နတ်ရေကန်ဗျူဟာရှိတဲ့ ငဖဲမြိုနယ်ဟာ AAသိမ်းယူထားတဲ့ အမ်းမြို့နယ်နဲ့ ဆက်စပ်နေပြီး ပန်း တောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်လာအနည်းငယ်ကြာကတည်းက အမ်းနဲ့တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး မကွေးတိုင်းနဲ့ပဲခူးတိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ရှုံးပြီး ရခိုင်ပြည်နယ်နဲ့ နယ်စပ်က စစ်ကောင်စီရဲ့အဓိကစခန်းတွေကိုပါ ထပ်မံ ဆုံးရှုံးနေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပြီး သာပေါင်းမြို့နယ်နဲ့ရွှေသောင်ယံမြို့နယ်တွေမှာလည်း စစ်ဆိုင်ထားတဲ့ အခြေအနေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။