Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း ဗျူဟာလမ်းတိုက်ပွဲ တပ်မ(၃၃)စစ်ကြောင်းပျက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ဗျူဟာလမ်းမတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၃၃) စစ်ကြောင်းပျက်တဲ့အထိ ထိခိုက်မှုရှိတယ်လို့ စစ်တပ်တွင်းသတင်းရင်းမြစ်သုံးဦးက လူထုနွေဦးကို ပြောပါတယ်။

၂၀၂၅ ဇန်နဝါရီ ၅ရက်က ဝက်လက်မြို့နယ်မှာ စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရတဲ့ တပ်မ(၃၃)စစ်ကြောင်းမှ သိမ်းရတဲ့ စစ်အသုံးအဆောင်နဲ့ လက်နက်များ။ ဓာတ်ပုံ - ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း

မတ်-၂၅၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က ဗျူဟာလမ်းမတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တပ်မ(၃၃) စစ်ကြောင်းပျက်တဲ့အထိ ထိခိုက်မှုရှိတယ်လို့ စစ်တပ်တွင်းသတင်းရင်းမြစ်သုံးဦးက လူထုနွေဦးကို ပြောပါတယ်။

အခု မတ်လ ၂၃ရက် မနက် ၄နာရီက စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာနဲ့ ဝက်လက်မြို့နယ် မင်းကုန်းကျေးရွာကြားမှာ ရောက်ရှိနေတဲ့ တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၂)နဲ့ ခမရ(၁၃)တပ်ရင်း ပူးပေါင်းတပ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ခမရ(၁၃)နဲ့ (၁၂)က အင်အား ၉၀စီပါတယ်။စုစုပေါင်း ၁၈၀ ။ကျုံးသွင်းပြီး တိုက်ခံလိုက်ရတာ။စနိုက်ပါ ဆိုတာလည်း ကောင်းမှကောင်း ဒရုန်းတွေဆိုလည်း ပလူပျံနေတာ။ ကျွန်တော်အပါအဝင် ၃၀ လောက်ပဲ ပြန်ထွက်နိုင်ခဲ့တာ”လို့ စစ်မှုထမ်းတပ်သားတစ်ဦးက ကြုံတွေ့ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားအများစု သေဆုံးခဲ့ပြီး ကွပ်ကဲမှုဦးဆောင်တဲ့ ဗိုလ်ကြီးတွေက ဦးအောင် ထွက်ပြေးသွားတယ်လို့လည်း ပြောပါတယ်။

“ပစ တစ်ယောက်ဆို ကြောက်လန့်ပြီး မေ့စေ့ကနေ သေနတ်နဲ့ချိန်းပြီး ကိုယ့်ကိုယ်ကို ပစ်သတ်သွားတယ်”လို့ အဆိုပါတိုက်ပွဲအတွင်းပါဝင်ခဲ့သူ နောက်တစ်ဦးက ပြောပါတယ်။

ဗျူဟာလမ်းမတိုက်ပွဲအတွင်း စစ်တပ်က သေဆုံးသူ ၆၉ဦး၊ဒဏ်ရာရသူ ၅၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၈ ဦး ရှိတယ်လို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ရဲ့တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

” အာပီဂျီ လည်းပါသွားတယ်။လက်နက်တော်တော်ပါသွားတယ်”လို့ သူက ပြောပါတယ်။

စစ်တပ်ဟာ စစ်ကိုင်း၊ဝက်လက်နဲ့ ရွှေဘိုမြို့နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ် မြေတွေကို ပြန်ထိန်းချုပ်ဖို့ တပ်မ(၃၃)ကို အသုံးပြုနေပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ ဒေသခံတော်လှန်ရေးတပ်တွေကို ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာစစ်ဒေသရုံးကနေ ထုတ်ပြန်မယ်လို့ ဖြေကြားပါတယ်။

NUGပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကလည်း စစ်ကိုင်းတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေ အောင်ပွဲရနေတယ်လို့ လူထုနွေဦးကို ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။