နိုင်ငံတကာ ICC တရားသူကြီးဟောင်းနိုဘယ်လ်ဆုရပြီးနာရီပိုင်းအကြာမှာအမေရိကန်က ICC အပေါ် ဒဏ်ခတ်ပိတ်ဆို့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICC)ရဲ့ တရားသူကြီးဟောင်းတစ်ဦး နိုဘယ်လ် ငြိမ်းချမ်းရေးဆု ဆွတ်ခူး ရရှိပြီး နာရီပိုင်း အကြာမှာပဲ အမေရိကန် အစိုးရဟာ ICC အဖွဲ့အစည်း တစ်ခုလုံးကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ကြေညာလိုက်ပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
သတင်း မရမ်းကုန်းမှာ EV ကား ၁စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ဝင်တိုက်ပြီး လူ ၂ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်မှာ ဒီနေ့မနက် (အောက်တိုဘာ ၁၀) နံနက်က EV ကား ၁စီး အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ဝင် တိုက်မိရာ လူ ၂ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
နိုင်ငံတကာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို တန်ပြန်ဖို့ ရည်ရွယ်ထားတဲ့ ဒုံးခွင်းဒုံး အသစ်ကို Lockheed Martin ထုတ်ပြ မြန်နှုန်းမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို အဓိက တန်ပြန်နိုင်ဖို့ ရည်ရွယ်ထားတဲ့ PAC-3 Edgeဆိုတဲ့ မျိုးဆက်သစ် လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံး ဒီဇိုင်းကို အမေရိကန် လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Lockheed Martinက ထုတ်ဖော် ပြသခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
သတင်း ပင်လုံမှာ စည်ပင်ဝန်ထမ်းရဲ့ အမျိုးသား စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
သတင်း ရေဘေးသင့်ဒေသလောင်းလုံးက ပြည်သူတွေကို ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က သဘာ၀ဘေးသင့် ပြည်သူတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ လောင်းလုံးမြို့နယ် ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပကဖက ထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
နိုင်ငံတကာ အစ္စရေးရဲ့ အကြီးဆုံး လေဆိပ်ဆီ လေယာဉ်နဲ့ ထိုးဆင်းဖို့ Flydubai တွဲဖက်လေယာဉ်မှူး ကြံစည်ထားခဲ့တယ်လို့ဆို အစ္စရေး ခရီးသည် အများစု လိုက်ပါလာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်မှုမှာ တိုက်ခိုက်သူဟာ အစ္စရေးရဲ့ အကြီးဆုံး နိုင်ငံတကာ လေဆိပ်ထဲ လေယာဉ်ကို ထိုးဆင်းပြီး ဖောက်ခွဲဖို့ ကြံစည်ထားခဲ့ကြောင်း စုံစမ်းရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
သတင်း စစ်တပ်အားပေးခရိုနီတစ်ဦးရဲ့ သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု စာရင်းကနေဖယ်ရှားပေး အာဏာသိမ်းမြန်မာစစ်တပ်ကိုအားပေး ထောက်ခံနေတယ်ဆိုတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်ခရိုနီ သူဌေးကြီးတစ်ဦးရဲ့သမီးကို အမေရိကန်က ပိတ်ဆို့အရေးယူမှု နာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
နိုင်ငံတကာ ပနားမားမှာ အင်အားပြင်း ငလျင်ကြီးနှစ်ခု လှုပ်ခတ်ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ် ပနားမား နိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီး နှစ်ခု လှုပ်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
သတင်း SCEF နဲ့ AA ဒုတိယအကြိမ် ဆွေးနွေး၊ အာရက္ခဒေသ စစ်ရေးအခြေအနေ AA ရှင်းပြ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အောက်တိုဘာ ၈ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံကာ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 11, 2026
နိုင်ငံတကာ ရုရှားဆီက ဒီဇယ်တွေ ဝယ်ယူမယ့် သဘောတူညီချက်ကို ထရမ့်ကြေညာ ရုရှားဆီက ဒီဇယ်တွေ အမေရိကန်ဆီ တင်သွင်းဝယ်ယူမယ့် သဘောတူညီမှုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 11, 2026