Connect with us

Hi, what are you looking for?

သတင်း

SCEF နဲ့ AA ဒုတိယအကြိမ် ဆွေးနွေး၊ အာရက္ခဒေသ စစ်ရေးအခြေအနေ AA ရှင်းပြ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အောက်တိုဘာ ၈ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံကာ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

(ULA/AA ဒုဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင်နဲ့AAတပ်ဖွဲ့ဝင်​တွေ ပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)

အောက်တိုဘာ ၁၀၊ ၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အောက်တိုဘာ ၈ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံကာ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

SCEFနဲ့ ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ ဇူလိုင်လအတွင်းမှာ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်လကျော်အကြာမှာ ဒုဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ AA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ SCEF ခေါင်းဆောင်တွေ ထပ်မံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အခုတွေ့ဆုံဆွေးနွေးမှုဟာ ၂နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်က အရပ်သားပြည်သူတွေကိုပစ်မှတ်ထား တိုက်ခိုက်မှုကိစ္စ၊ အာရက္ခဒေသအတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု အခြေအနေတွေ ၊ SCEF လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးအပြန်အလှန် ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းလုံးရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းမှတဆင့်ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုကိုဗြောင်ကျကျကျူးလွန်နေခြင်းဖြစ်ကာ မြန်မာပြည်၏ ပြည်တွင်းစစ်မီးကိုပိုမိုတောက်လောင်လာစေနိုင်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်းလည်းထောက်ပြခဲ့ကြသည်”လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ အာရက္ခဒေသထိုးစစ်နဲ့ပတ်သက်ပြီး SCEF တာဝန်ရှိသူတွေရဲ့ မေးမြန်းချက်အပေါ် ULA/AA ဖက်မှ ပြန်လည်ဖြေကြားပေးတာ၊ SCEF ဖက်ကလည်း လက်ရှိလုပ်ဆောင်နေသော အကြောင်းအရာများထဲမှ ဖြစ်ပေါ်တိုးတက်မှု၊ လုပ်ငန်းစဉ်တချို့ နဲ့ နိုင်ငံရေးမျှော်မှန်းချက်တချို့ကိုအသိပေးတာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းအခြေအနေများအပေါ် အပြန်အလှန်ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ထုတ်ပြန်ပါတယ်။

အာရက္ခပြည်ရဲ့ လူသားချင်းစာနာထောက်

ထားမှုဆိုင်ရာ လိုအပ်ချက်များနဲ့ ပြည်သူ့ကျန်းမာကိစ္စရပ်များကို လည်း ဆွေးနွေးခဲ့ကြောင်း အသိပေးထားပါတယ်။

SCEFနဲ့ AA တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲကို SCEF အလှည့်ကျသဘာပတိ ခူဦးရယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ဒေါက်တာညိုထွန်းအောင် စတဲ့ နှစ်ဖက် ထိပ်ပိုင်းခေါင်းဆောင်တွေ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

အဲဒီ တွေ့ဆုံမှု အပြီးမှာ SCEF အနေနဲ့ အာရက္ခဒေသ အပါအဝင် နိုင်ငံအနှံ့ အရပ်သားပြည်သူတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။အဲဒီလို ထုတ်ပြန်ရာမှာ စက်တင်ဘာလ ၂၈ ရက်နေ့က ၊ အာရက္ခပြည်၊ ကျောက်တော်မြို့အနီး၊ အိန္ဒိယဈေး နဲ့ ကစ္ဆပနဒီတံတားအား စစ်အုပ်စု လေကြောင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅၀ဦး သေဆုံးကာ ၅၇ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပေါ် အာရက္ခပြည်သူများနဲ့ အတူ ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကို စစ်ရေး၊ နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုံက တွန်းလှန်တိုက်ခိုက်ဖို့ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင် KNU၊ ကချင် KIO၊ ကရင်နီ KNPP၊ ချင်း CNF စတဲ့ တော်လှန်ရေးအင်အားစု ၆ဖွဲ့နဲ့ အခုနှစ်မတ်လမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ SCEF စုဖွဲ့မှု ပိုမိုအားကောင်းလာရေးအတွက် အဖွဲ့ဝင်သစ်တွေ ထပ်မံ ပါဝင်လာနိုင်ရေး ဆောင်ရွက်နေသလို AA ကဲ့သို့ မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက်လည်း SCEFက သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

တစ်လကျော်အတွင်းကျောက်ဖြူမှာစစ်တပ်စခန်း နှစ်ခုကိုAA သိမ်းပိုက်ထား

သတင်း

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဆောင်းပါး

နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...

Facebook