Hi, what are you looking for?
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ချမ်းမြေကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၂၄ရက်)တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် ၂ပါး ပျံလွန်တော်မူခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က လူမှုကွန်ရက်တွင် အသိပေးထားသည်။
ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။...
စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ပြေလည်စေမည့်အဖြေမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ဩဂုတ် ၂၄ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ မဟာမိတ်များကို အသိပေးသည်။
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-နဘူးလမ်းပိုင်းမှာ စစ်ကောင်စီတပ်က ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်ဩဂုတ်လ၂၁ ရက်က KNU တပ်မဟာ ၇ ပူးပေါင်းတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေထဲ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။