Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ကားတစ်စီး လမ်းချော်ပြီးရေမြောင်းထဲထိုးကျ မြန်မာ ၆ ဦးသေ

ထိုင်းနိုင်ငံမှာကားတစ်စီးလမ်းချော်ပြီးရေမြောင်းထဲ ထိုးကျသွားရာကမြန်မာနိုင်ငံသား၆ဦးသေဆုံးခဲ့ပါတယ်။

ရှာ​ဖွေ​ကယ်ဆယ်ရေးလုပ်​ကိုင်နေကြစဥ်။ ဓါတ်ပုံ-Khaosod

ဒီဇင်ဘာ-၃၁၊၂၀၂၅။People’s Spring

ထိုင်းနိုင်ငံမှာကားတစ်စီးလမ်းချော်ပြီးရေမြောင်းထဲ ထိုးကျသွားရာကမြန်မာနိုင်ငံသား၆ဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့၊ ဒေသစံတော်ချိန်ည ၁၀နာရီ ဝန်းကျင်တုန်းက သာညာဘူရီ ခရိုင်မှာ ပစ်ကပ် ထရပ်ကားတစ်စီးဟာအရှိန်မထိန်းနိုင်ဘဲလမ်းဘေးအတားအဆီးကို တိုက်မိပြီး မြောင်းထဲ ထိုးကျသွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

အနီးမှာ ရှိနေတဲ့ ဒေသခံတွေက ရေမြောင်းထဲကို အမြန်ဆင်းပြီးအမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီထဲက အမျိုးသား ၂ ဦးက ဒဏ်ရာရထားခဲ့တာကြောင့် လမ်လုခ်ခါ ဆေးရုံဆီ အဆောတလျင် ပို့ဆောင်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ရဲတွေရဲ့ အဆိုအရကားပေါ်မှာယာဉ်မောင်း အပါအဝင် မြန်မာအလုပ်သမား ၁၃ ဦး လိုက်ပါလာခဲ့ပြီး ချောင်ဘူရီကိုဦးတည်မောင်းနှင်နေခဲ့ကြောင်း သိရပါတယ်။အဲဒီထဲက၆ဦးကတော့ယာဉ်မတော်တဆမှုမှာ သေဆုံးခဲ့ပါတယ်။

ရဲတွေက ယာဉ်တိုက်မှုရဲ့ အဓိကအကြောင်းရင်းဟာ အဲဒီ လမ်းကြောင်း အနေအထားကို ယာဉ်မောင်းက အကျွမ်းတဝင် မရှိတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လမ်းကြောင်းက တဖြောင့်တည်း မောင်းနေရာကနေအဲဒီနေရာမှာ ရုတ်တရက် ကွေ့သွားတာကြောင့်လည်း အရှိန်လွန်ပြီး လမ်းအတားအဆီးကို တိုက်မိရင်း ကားကမြောင်းထဲကိုကျော်ကျသွားတာလို့ယုံကြည်ရပါတယ်။

သန်းခေါင်ကျော်အချိန်မှာတော့ ပေါ်တက်ခ်တောင် လူမှုကူညီရေး အသင်းရဲ့ရေငုပ်သမားတွေဟာ မြောင်းဘောင်ကနေ ၁၅ မီတာလောက် အကွာထိ ရောက်ပြီး နစ်မြုပ်နေတဲ့ကားကို ဆွဲတင်နိုင်ခဲ့ပါတယ်။ပြီးတော့ကားထဲမှာညပ်နေသူ ၃ ဦးရဲ့ အလောင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

ကျန်တဲ့ ၃ ယောက်ကတော့ကားကလမ်းအတား

အဆီးကို ဝင်တိုက်ချိန်မှာ အရှိန်နဲ့ လွင့်ထွက်သွားခဲ့ရာကသေဆုံးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေဆဲလို့ ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ