Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလုဓားထိုးခံရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလု မျက်နှာကိုဓားနဲ့ထိုးခံရတဲ့ ဖြစ်စဉ် ဒီကနေ့မနက်စောမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ​တချို့က ပြောပါတယ်။

သန်လျင်မှာ ဆွဲကြိုးလုဓားနဲ့ထိုးခံရတဲ့ အမျိုးသမီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Steven Thanlyin

ဒီဇင်ဘာ-၃၁၊၂၀၂၅။မိုမို/People’s Spring

ရန်ကုန်တိုင်း၊ သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလု မျက်နှာကိုဓားနဲ့ထိုးခံရတဲ့ ဖြစ်စဉ် ဒီကနေ့မနက်စောမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ​တချို့က ပြောပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၃၁ရက်) မနက် ၅ နာရီခန့်က နေအိမ်ရှေ့မှာ တံမြက်စည်းလှဲနေတဲ့အချိန် ဆွဲကြိုးဖြတ်ခံရတဲ့အပြင် လုယက်သူက ဓားနဲ့ပါထိုးခဲ့တာလို့ ဆိုပါတယ်။

“ဖြစ်သွားတာ မြို့လယ်ရပ်ကွက်ပဲ။နာရီစင်နဲ့ နီးနီးလေး။ကြားတာတော့ လုတာကို အော်လို့ဆိုပြီး ရက်ရက်စက်စက်ကို လုပ်သွားတာ”လို့ သန်လျင်မြို့ခံ အသက်(၄၀)အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လုယက်ခံရတဲ့အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်တာကြောင့် သန်လျင်ဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၂၇ ရက် မနက်က မဂ်လာဒုံမြို့နယ် လမ်းမတစ်ခုပေါ်မှာ အမျိုး သမီးတစ်ဦး ဆွဲကြိုးလုဖြတ်ခံရတာ ရှိခဲ့ပါတယ်။

လက်တလောမှာ ဒေသအနှံ့အပြားမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့ပြီး ဒုစရိုက်သမားတွေများပြားကာ ရွှေငွေဝတ်ရမယ့် အချိန်မျိုးလည်း မဟုတ်တာကြောင့်မပေါ့ဆဖို့ အဲဒီဖြစ်စဥ်ကိုတွေ့ရှိသူတစ်ဦးက တိုက်တွန်းထားပါတယ်။

ခိုးဆိုးလုနှိုက်မှုတွေအပြင် အနုကြမ်းစီးခံရတဲ့ ဖြစ်စဥ်တွေလည်း ရန်ကုန်မြို့မှာ မကြာခဏ ဖြစ်ပွားနေပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်​ကို မတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။