Connect with us

Hi, what are you looking for?

သတင်း

ကပစ(၁၂)ရဲ့စည်းရိုး ဆင်ကော်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေ

မကွေးတိုင်း၊သရက်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)စည်းရိုးဖြစ်တဲ့ဆင်ကော်တပ်စခန်းကို တော်လှန် ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - သရက်ခရိုင် အမှတ်(၄)တပ်ရင်း

ဒီဇင်ဘာ-၃၁၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊သရက်မြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)စည်းရိုးဖြစ်တဲ့ဆင်ကော်တပ်စခန်းကို တော်လှန် ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

ကပစ(၁၂)ရဲ့အနောက်ဘက်(၁၀)မိုင်ဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဆင်ကော်ရွာတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၄ ရက်ကစ စီးနင်းတိုက်ခိုက်ပြီး ဒီကနေ့ (ဒီဇင်ဘာ ၃၁ ရက်)မှာ စခန်းကိုပိတ်ဆို့ထားနိုင်တယ်လို့ ဆိုပါတယ်။

“စခန်းထဲမှာရှိတဲ့အင်အား ၃၀လောက်ကလုံးဝကိုအပြင်မထွက်နိုင်တော့ဘူး။အကုန်လုံးပိတ်မိနေပြီ။တော်လှန်ရေးတပ်တွေကတော့ ပိတ်ဆို့ထားတုန်းပဲ”လို့ သရက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကစခန်းမကျရေးအတွက်ကပစ(၁၂)ကနေ စစ်ကူစေလွှတ်နေပြီး လက်ရှိမှာ အောက်မမြင့်ကျေးရွာကို ရောက်နေပြီလို့ သိရပါတယ်။

“ကပစ(၁၂)ကနေအင်အား ၅၀ ကျော်ပါတဲ့စစ်ကြောင်းက ၂၈ရက်ကနေ ထွက်လာတယ်။အခု ဒီနေ့ အောက်မမြင့်ရွာကို ရောက်နေပြီ။ရွာက ပြည်သူတွေကို ရွာလယ်မှာစုပြီး နေအိမ်တွေကပစ္စည်းတွေကို ယူနေတယ်”လို့ သရက်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းက မီးရှို့တာတွေကြောင့် နေအိမ်တွေ မီး လောင်ပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ များတယ်လို့ သူကဆက်ပြောပါတယ်။

ဆင်ကော်တပ်စခန်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့သရက်ခရိုင်စစ်ရေးတာဝန် ခံကို လူထုနွေဦးက ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်ပါတယ်။

“ဆင်ကော်စခန်းကတကယ့်ကိုအခိုင်အမာတည်ဆောက်ထားတာ။ဘန်ကာတွေ၊ဆက်သွယ်ရေးတူးမြောင်းတွေကအစရှိတယ်။ကပစ (၁၂)ရဲ့စည်းရိုး လို့ပြောလို့ရတယ်”လို့သရက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။

လတ်တလောတိုက်ပွဲအ​ခြေအနေအရစစ်တပ်ကဒရုန်းနဲ့ကာမီကာဇေ (အသေခံဒရုန်း)တွေအသုံးပြုနေပြီးအဲဒီထဲကဒရုန်းတချို့ကိုတော်လှန် ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိနေတယ်လို့ သိရပါတယ်။

စစ်ရေးအချက်အလက်တွေအရသရက်မြို့နယ်စခမ်းကြီးကျေးရွာနဲ့ ပိတောက်ပင်ကျေးရွာအနီးမှာရှိတဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂ )က ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမ ဗုံးသီးတွေကို ထုတ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။