Connect with us

Hi, what are you looking for?

သတင်း

လူသားချင်းစာနာမှုအကူအညီ နိုဝင်ဘာအတွင်း ကျပ် ၂၅၀ သန်းကျော် ထောက်ပံ့ခဲ့ကြောင်း NUG ထုတ်ပြန်

လူသားချင်းစာနာမှုအကူအညီအဖြစ် နိုဝင်ဘာလအတွင်း ကျပ် ၂၅၂ သန်းကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်သူများအား NUGက လှူဒါန်းနေစဥ်။ ဓာတ်ပုံ- NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန

ဒီဇင်ဘာ-၃၁၊၂၀၂၅။ဇေအောင်/People’s Spring

လူသားချင်းစာနာမှုအကူအညီအဖြစ် နိုဝင်ဘာလအတွင်း ကျပ် ၂၅၂ သန်းကျော် ထောက်ပံ့နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကနေ၂၀၂၅ နိုဝင်ဘာအတွင်း လူသားချင်းစာနာမှု အကူအညီ ကျပ် ၂၅၂.၇၇ သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ အဆိုပါဌာနက ဒီဇင်ဘာ ၃၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေဖြစ်တဲ့ ကျပ် ၂၅၂.၇၇သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ၊ စစ်ဘေးရှောင်ပြည်သူ ၆၄.၇၈၇ဦးရဲ့ အရေးပေါ်စားနပ်ရိက္ခာအတွက် ကျပ် ၁၉၉.၉၄ သန်း၊ ထိတွေ့တိုက်ပွဲများမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူ ၈၆ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၆ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ကျပ် ၁၉.၃၅ သန်း၊ နိုင်ငံရေးအကျဉ်းသားများနဲ့ ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ကျပ် ၁၀.၁၀သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် ၄.၈၃သန်း၊ CDM ဝန်ထမ်းနဲ့ ၎င်းတို့ရဲ့ မိသားစုများ ကျပ် ၅.၃၀ သန်း၊ အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၁၃.၂၅သန်း ခွဲဝေထောက်ပံ့ခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်ကို ထောက်ပံ့လှူဒါန်းရာမှာတော့ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့ စစ်ကိုင်းတိုင်းက စစ်ရှောင်ကူညီနေသူအချို့က ပြောပါတယ်။

“ အဲ့ထဲက ထုတ်ပြန်တဲ့အတိုင်း မြေပြင်မှာ အကုန်မရောက်တာ သေချာတယ်။ စစ်ကိုင်းတိုင်းထဲမှာ နေ့စဥ်မပျက်လုပ်နေတဲ့ ကျနော်တို့ အဖွဲ့တော့ (လာထောက်ပံ့တာ) မတွေ့သလိုပဲ။ ကျွန်တော်ကပဲ မသိတာလားတော့ မပြောတတ်ဘူး” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

တော်လှန်ရေး (၄)နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားကနေကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေတဲ့ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓါတ်များကို လေးစားဂုဏ်ယူမိပါကြောင်းနဲ့ ရှေ့ဆက်ပြီး ယခုလိုမလျော့သောဇွဲနဲ့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် သွားကြဖို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ