Connect with us

Hi, what are you looking for?

သတင်း

သာကေတမြို့နယ် တာယာဆိုင်မီးလောင်

ရန်ကုန်မြို့ သာကေတမြို့နယ် (၁)ဈေးတန်းက တာယာဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းနှစ်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သာကေတမြို့နယ်က တာယာဆိုင်မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - PSK

ဒီဇင်ဘာ-၃၁၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့ သာကေတမြို့နယ် (၁)ဈေးတန်းက တာယာဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းနှစ်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၃၁) နေ့လည် ၁၂ နာရီလောက်မှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး အရှေ့ပိုင်းခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ်(၄)စီး၊ သာကေတမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီးနဲ့ဒေါပုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး သွားရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

“တာယာဆိုင်နဲ့ စက်ဘီးဆိုင်ကငှားထားတဲ့ အခန်းသေးသေးလေး မီးလောင်သွားတာပါ။စက်ဘီးဆိုင်အကြီးတော့ မလောင်သွားပါဘူး”လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

မီးလောင်ချိန် မိနစ် ၂၀ကျော်ကြာမြင့်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ ‌‌ဒေသခံက ပြောပါတယ်။

မီးလောင်မှု အကြောင်းရင်းနဲ့ ဆုံးရှူံးမှုတန်ဖိုးကိုတော့ မီးသတ်ကထုတ်ပြန်ထားတာမရှိ‌သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က မြင်တော်သာလမ်းမှာ စက်ဘီးနဲ့ ကျောင်းသွားတဲ့ ကိုးတန်းကျောင်းသားလေး ၁ဦးကို လူတစ်စုက ဖမ်းဆီးဖို့ကြိုးစားချိန် ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

Facebook