Hi, what are you looking for?
နွေဦးတော်လှန်ရေးသည် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံး စုပေါင်းညီညွတ်စွာဖြင့် ပြည်သူလူထု၏ မျက်နှာတစ်ခုတည်းကိုသာကြည့်ပြီး အဆုံးသတ်တိုက်ပွဲဖြစ်သည့် စစ်အာဏာရှင်စနစ်နှင့် အသွင်အမျိုးမျိူး ပြောင်းလဲနေသည့် အာဏာရှင်စနစ်များကို အပြီးတိုင်ဖယ်ရှား ချုပ်ငြိမ်းစေရေး ကျောချင်းကပ်ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တဦးဖြစ်သည့် ကချင်လွတ်လပ်ရေးကောင်စီ(KIC) ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော် တို့နှင့် ချင်းညီနောင်ခေါင်းဆောင်များ သီးခြားစီတွေ့ဆုံခဲ့ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းတင်မီက၎င်း၏ဖေစ်ဘွခ်မှတဆင့် အသိပေးထားသည်။
ဩဂုတ်-၈၊၂၀၂၅။ထားမြတ်၊ကျော်ဇော/People’s Spring တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဒုခေါင်းဆောင်တစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလံဖြူထောင်ကာ ဆိုင်ကယ်ဖြင့်မောင်းနှင် အလင်းဝင်လာကြောင်း လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှတာဝန်ရှိသူကပြောသည်။ “ထွက်လာဖို့တော့ အသံကြားနေတာကြာပြီ။ အလံဖြူထောင်ပြီး ဆိုင်ကယ်နဲ့ထွက်ပြေးလာတာ ရွာနားရောက်မှ သေနတ်မိုးပေါ်ထောင်ပြီးကျည် ၂ ကဒ်လောက်ပစ်တင်လိုက်တာ ကျနော်တို့နဲ့တွေ့သွားတာ”ဟုကျောက်နီမော်အခြေစိုက် ပျူစောထီးအဖွဲ့ရဲ့ ဒုခေါင်းဆောင် ကိုကုလားဆိုသူ...