ဒီဇင်ဘာ ၁၃၊၂၀၂၅။သုည/People’s Spring
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ ဒီကနေ့ (ဒီဇင်ဘာ ၁၃) မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
တော်လှန်လူငယ်တွေက ရန်ကုန်မြို့ တစ်နေရာမှာ “ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် မတရားအကျဥ်းချဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများ အားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေ” စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
အဆိုပါ All In One Piece Movement လှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဦးဆောင်ပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပနိုင်ငံအသီးသီးက ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပါဝင်လုပ်ဆောင်နေကြပါတယ်။

Public Service Announcement



















































