ဒီဇင်ဘာ ၁၄၊၂၀၂၅။ သုည/People’s Spring
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ (All In One Piece Movement) လှုပ်ရှားမှုကို ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေကလည်း ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ကွတ်ခိုင်မြို့မှာသျှမ်းလူငယ်တွေက ဦးဆောင်ပြီး “ဖက်ဆစ်လူသတ်မုဒိန်းကောင်တွေရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ” စာသားနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်းကျေးရွာများသပိတ်ကော်မတီကဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသား/သူများအားလုံးလွှတ်ပေးရေး All In One Piece Movement မှာ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

Public Service Announcement
ကနီမြို့နယ် တစ်နေရာမှာလည်း သပိတ်ဦးဆောင်ကော်မတီ၊ ကနီအမျိုးသမီးသပိတ်(WAB)နဲ့ ဆရာ၊ဆရာမ၊ကျောင်းသူ၊ကျောင်းသား၊ပြည်သူလူထု ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် “All in One Piece Movement” campaign တွင် ပါဝင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့က “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။





















































