ဒီဇင်ဘာ-၁၄၊၂၀၂၅။ဆဏ်း/People’s Spring
UAE နိုင်ငံ ဒူဘိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြို့ပြဂီတည ဖျော်ဖြေပွဲမှာ တော်လှန်သီချင်းသံတွေနဲ့အတူ တော်လှန်ရေးအတွက် သွေးမအေးကြောင်းပြသခဲ့ကြပါတယ်။
ဒီပွဲကို ဒီဇင်ဘာ ၁၃ ရက်ညမှာ တန်ဆောင်မုန်းပွဲတော်ပုံစံပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုတော်တွေ အနေနဲ့ Lလွန်းဝါ ၊ ကောင်းကောင်းနဲ့ ခင်ဘုဏ်းတို့က ပါဝင်ဖျော်ဖြေခဲ့ပါတယ်။
ဒီပွဲက မြန်မာပြည်က လိုအပ်တဲ့နေရာကိုကူဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်အားပေးမှု အများအပြားရရှိခဲ့ပါတယ်။ရန်ပုံငွေပွဲကိုတက်ရောက်သူ တစ်ထောင်ကျော်ရှိတယ်လို့ သွားရောက်ခဲ့သူပြည်သူတဦးကပြောပါတယ်။

Public Service Announcement
“ UAE ကသူတွေလဲတတ်နိုင်သလောက် ပါဝင်နေကြတယ်ဆိုတာလေးသိစေချင်ရုံပါ” လို့ပွဲကိုသွားရောက်ပြီး ဗီဒီယိုဖိုင်နဲ့ ဓါတ်ပုံတွေပို့ပေးသူတဦးကပြောပါတယ် ။
အဆိုတော်သုံးယောက်က တစ်ဦးခြင်း သီဆိုမှု တွေအပါအဝင် စုံတွဲ သီဆိုမှုတွေနဲ့လည်း ဖျော်ဖြေပေးခဲ့တာပါ။
အဆိုတော်ကောင်းကောင်းက ပြီးခဲ့တဲ့ ရက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာစစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတွေသေဆုံးမှုအပေါ် ထိခိုက်ခံစားရကြောင်း ပြောခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ ကောင်းကောင်းက ကမ္ဘာမကြေဘူး သီချင်းကို ဂစ်တာတီးပြီး သီဆိုပေးခဲ့ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ အထင်ကရ သီချင်းတွေ ဖြစ်တဲ့ ကြယ် ၊ ရောင်နီ စတဲ့ သီချင်းတွေကိုလည်း UAE နိုင်ငံက မြန်မာတွေဖွဲ့စည်းထားတဲ့ Music B အဖွဲ့က သီဆိုဖျော်ဖြေခဲ့ပါတယ်။
တော်လှန်သီချင်းတွေဆိုတဲ့အချိန်တွေမှာပရိသတ်တွေက မတ်တပ်ရပ်ပြီး လက်သုံးချောင်းထောင်ကာ သီချင်းတွေကို သီဆိုရင်းအားပေးခဲ့ကြပါတယ်။
“ ရင်ထဲစို့နင့်နေတာပဲ။ ရယ်မောခြင်းတွေရော ငိုကြွေးခြင်းတွေနဲ့ရော။ အမိမြေကိုလွမ်းတယ်။ ကြယ်သီချင်းသီဆိုချိန် ကျဆုံးသွားတဲ့ ရဲဘော်တွေကို သတိရတယ်။ မြေပြင်မှာတိုက်နေတဲ့ရဲ
ဘော်တွေကိုသနားတယ်။ အများကြီးထပ်လုပ်ပေးချင်တယ်။ ” လို့ ဒီပွဲကိုဖြစ်မြောက်ရေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးခဲ့တဲ့ကိုချမ်းမြေ့ပိုင် ကပြောပါတယ်။



















































