Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

ဒီကနေ့ ဇူလိုင် ၉ ရက် ဝါဆိုလပြည့်နေ့မှာ ၅/အရတ အရာတော်လူထုသပိတ်၊ မြင်းမူမြို့နယ် သပိတ်အင်အားစုတို့ စုပေါင်းဦးဆောင်ပြီး မြင်းမူမြို့နယ် ကျေးရွာတစ်ရွာမှာ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးဟောပြောခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်အာဏာရှင်အဆက်ဆက်အောင်မြင်ခဲ့သည့် သွေးခွဲရေးဗျူဟာကို တော်လှန်ရေးအင်အားစုများ သတိပြုပြီး တော်လှန်ရေးအောင်ပွဲပန်းတိုင်အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီ ရေယာဥ်တွေကို တိုက်ခိုက်ခဲ့တာ သင်္ဘော တစ်စီး မီးလောင်ပြီး တစ်စီးပျက်စီးတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ Monywa Inventor အဖွဲ့က ဒီကနေ့(ဇူလိုင် ၉ ရက်)ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားကြောင်း အဆိုပါဒေသတွင်းရှိ တော်လှန်ရေးရဲဘော်များက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့် ထီးခီးနယ်စပ်ဂိတ်တွင် ကုန်သွယ်ခွင့် ပြုလိုက်ပြီဆိုသည်မှာ မဟုတ်ဘဲ ယခင်အတိုင်း ပိတ်ထားဆဲဖြစ်ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတင်း

"အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး" ကမ်ပိန်းတွင် ချမ်းမြသာစည် မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး-အကလ ရဲဘော်များ က ဓာတ်ပုံလှုပ်ရှားမှုဖြင့် ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။

သတင်း

တရုတ်အစိုးရက ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော်( KIO/KIA )ကို ဗန်း​​မော်မြို့သိမ်းထိုးစစ်ဆင်​နေမှုကို မရပ်တန့်လျင် မြေရှားသတ္ထု​တွေဝယ်ယူမှုရပ်တန့်မယ်လို့ ခြိမ်း​ခြောက်​ပြောဆိုတာကို မကြားဘူးလို့ KIO/KIA သတင်းပြန်ကြား​ရေးဌာန တာဝန်ခံ ဗိုလ်မှုကြီး​နော်ဘူက​ပြောပါတယ် ။

သတင်း

ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် နှစ်ကြိမ်ခွဲ၍ ပစ်ခတ်ခဲ့ရဟု BWM ပြော

Facebook