Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး Money Flow လှုပ်ရှားမှု ပြုလုပ်

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုအနေနဲ့ နှစ်လအတွင်းမှာ ကျပ်ငွေ ၁၅ သိန်းခန့် အသုံးပြုပြီး Money Flow လှုပ်ရှားမှု ပြုလုပ်ထားတယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

ဓါတ်ပုံ-Yangon 4 Brothers

နိုဝင်ဘာ-၁၂၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုအနေနဲ့ နှစ်လအတွင်းမှာ ကျပ်ငွေ ၁၅ သိန်းခန့် အသုံးပြုပြီး Money Flow လှုပ်ရှားမှု ပြုလုပ်ထားတယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

Money Flow လှုပ်ရှားမှုဆိုတာကတော့ ပြည်သူတွေ အကြားအသုံးပြုနေတဲ့ ငွေစက္ကူတွေပေါ်မှာ ရွေးကောက်ပွဲ ကို အသိအမှတ်မပြုဖို့နဲ့ သပိတ်မှောက်စာသား‌တွေရေးသားပြီး လူထုအကြားအထိ ဒီလှုပ်ရှားမှုကို ပြန့်နှံ့စေတာပါ။

၅၀၀ တန်ကစပြီး ၅၀၀၀ တန်အထိ ငွေကျပ် ၁၅ သိန်းဖိုးခန့် ငွေစက္ကူတွေမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာသားတွေ ရေးသားဖြန့်ဝေခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ No Vote” “ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ” ၊” ရွေးကောက်ပွဲ အတုလုပ်လည်း တော်လှန်ရေးကဆက်ချမယ်” ၊” သေနတ်မိုးတဲ့ ရွေးကောက်ပွဲ ပြည်သူအားလုံး ဆန့်ကျင်နွှဲ” ၊” ဖက်ဆစ်ရွေးကောက်ပွဲထောက်ခံသူ ပြည်သူ့ရန်သူ” စတဲ့ စာသားတွေကို ငွေစက္ကူတွေပေါ်မှာရေးသားထားခဲ့တာပါ။

ဒီလှုပ်ရှားမှုကို စက်တင်ဘာ နဲ့ အောက်တိုဘာ နှစ်လအတွင်း ပြည်သူတွေအကြားကို ငွေကျပ် ၁၅ သိန်းခန့် ဖြန့်ထားနိုင်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က အသိပေးထားပါတယ်။

“ ပြည်သူများအနေဖြင့်အတုအယောင်ရွေးကောက်ပွဲစာတန်းပါ ပိုက်ဆံများကို ပြည်သူမှ ပြည်သူသို့ ပြန်လည်ဖြန့်ဝေသုံးစွဲ သတင်းစကားပါးခြင်းဖြင့် အတုအယောင်ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်ရေးအား အတူပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် အထူးတိုက်တွန်းအပ်ပါသည်။ ” လို့ သူတို့အဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဖမ်းဆီးမယ်ကြေညာထားပေမယ့် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့အနေနဲ့ မြေပြင်မှာ လှုပ်ရှားမှုတွေရသလောက်လုပ်ဆောင်မယ်လို့ ‌ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ဒီမိုက​ရေစီနဲ့ ဖက်ဒရယ်အတွက်မြန်မာပြည်သူ​တွေရဲရဲရင့်ရင့်ခုခံတွန်းလှန်မှုဟာ နယူဇီလန်ကကူညီဖို့ထိုက်တန်တယ်လို့လေဘာပါတီအမတ်​ပြော