Connect with us

Hi, what are you looking for?

သတင်း

လက်နက်ဝယ်ဖို့ကမ်ပိန်းပါဝင်ပေးတဲ့ပြည်သူတွေကို ကျေးဇူတင်ကြောင်း နေပြည်တော် တပ်ရင်း(၈၀၈) ပြော

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အသုံးပြုဖို့ လက်နက်အလက် ၂၀ရရှိရေး ရန်ပုံငွေရှာဖွေမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နေပြည်တော်တပ်ရင်း(၈၀၈)က ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၀ရက်မှာ ကမ်ပိန်းပြီးဆုံးခဲ့ပြီး ပါဝင်ပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင် ကြောင်း နေပြည်တော် တပ်ရင်း(၈၀၈) ရဲဘော်တွေက ပြောကြားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နေပြည်တောတပ်ရင်း(၈၀၈)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - NPT PDF

နိုဝင်ဘာ-၁၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အသုံးပြုဖို့ လက်နက်အလက် ၂၀ရရှိရေး ရန်ပုံငွေရှာဖွေမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နေပြည်တော်တပ်ရင်း(၈၀၈)က ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၀ရက်မှာ ကမ်ပိန်းပြီးဆုံးခဲ့ပြီး ပါဝင်ပေးကြတဲ့ ပြည်သူတွေကို ကျေးဇူးတင် ကြောင်း နေပြည်တော် တပ်ရင်း(၈၀၈) ရဲဘော်တွေက ပြောကြားပါတယ်။

လက်နက်အလက် ၂၀အတွက် ကျပ်သိန်း ၂၀၀၀ ရရှိရေး နေပြည်တော် တပ်ရင်း(၈၀၈)ကပြုလုပ်တဲ့ အော်ပရေးရှင်းစစ်တောင်း ပိတ်သိမ်းကြောင်း ပြည်သူကို အသိပေးရာမှာ ရဲဘော်တွေက အခုလို ပြောကြားခဲ့တာပါ။

ကမ်ပိန်းကာလတလျှောက် လက်နက် ၁လက်စာဖြစ်စေ၊ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ကျပ် စသဖြင့် တက်နိုင်သလောက် ပါဝင်ပေးကြတဲ့ ပြည်သူတယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း နေပြည်တော် တပ်ရင်း(၈၀၈) ရဲဘော်တွေက ပြောကြားခဲ့ပြီး ပြည်သူတွေလှူတဲ့ လက်နက်နဲ့ တိုက်ပွဲဝင်မှာ မို့ သတင်းတွေ ဆက်လက်စောင့်ကြည့်ပေးဖို့ ပြောဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

” ကမ်ပိန်းရဲ့ ရာခိုင်နှုန်းပြည့်မီအောင် ပါဝင်ပေးခဲ့တဲ့ သူတွေကိုလည်း ကျေးဇူးအများကြီးတင်တယ်။မိဘပြည်သူတွေလှူလိုက်တဲ့ ဂန်းတွေနဲ့ တိုက်ပွဲတွေဘယ်လိုဆင်နွှဲမယ်ဆိုတာ ချပြမှာ ဖြစ်ပါတယ်။” လို့ နေပြည်တော် တပ်ရင်း(၈၀၈)က ရဲဘော်တဦးက ပြောပါတယ်။

နေပြည်တော် တပ်ရင်း(၈၀၈) သာမက အခြား ခက်ခဲနေတဲ့ အဖွဲ့တွေကိုလည်း ပြည်သူတွေဘက်က တက်နိုင်သလောက် ပံ့ပိုးပေးဖို့လည်း ရဲဘော်တွေက တောင်းဆိုခဲ့ပါတယ်။

နေပြည်တော်တိုင်းစစ်ဌာန နေပြည်တော် တပ်ရင်း(၈၀၈)ဟာ လူအင်အားနဲ့ လက်နက်အင်အားမျှတဖို့ အခုလို ကမ်ပိန်း ပြုလုပ်ပြီး ရန်ပုံငွေ ရှာဖွေခဲ့တာဖြစ်ပြီး တဖက်မှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။

ကမ်ပိန်းကာလအတွင်းမှာပဲ ရရှိတဲ့ ငွေတွေနဲ့ လက်နက်ငယ် ၁၁လက် ဝယ်ယူခဲ့ကြောင်း အောက်တိုဘာ ၁၃ရက်မှာ အော်ပရေးရှင်းစစ်တောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၀ရက်မှာ ဆိုရင်လည်း နေပြည်တော် တပ်ရင်း(၈၀၈)နဲ့ မဟာမိတ် တပ်ရင်းတွေဟာ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွာသစ်ရွာက စစ်ကောင်စီအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီနိုင် အပါအဝင် ၁၅ဦး သေဆုံးကာ စစ်သုံ့ပန်း ၂ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရခဲ့ပါတယ်။

တိုက်ပွဲမှာအထိနာတဲ့ စစ်ကောင်စီတပ်က အဲဒီဒေသကိုတန်ပြန်ထိုးစစ်လုပ်လို့ တိုက်ပွဲတွေလည်း ဆက်ရှိနေပါတယ်။

ဆက်စပ်သတင်းများ