Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပေါ်တာဆွဲမှု ပိုဆိုးလာပြီး တရက်တည်း လူငယ် ၃၀ကျော် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှု ပိုမိုဆိုးရွားလာပြီး နိုဝင်ဘာ ၁၀ရင် တရက်တည်း လူငယ် ၃၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။။

နိုဝင်ဘာ-၁၁၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှု ပိုမိုဆိုးရွားလာပြီး နိုဝင်ဘာ ၁၀ရင် တရက်တည်း လူငယ် ၃၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။။

မနေ့က နိုဝင်ဘာ ၁၀ ရက်က မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်က အိမ်စီးကားတွေနဲ့ ပေါ်တာလိုက်ဆွဲခံရာ ညနေပိုင်းမှာတော့ စက်မှုဇုန်ကနေ အလုပ်ပြန်လာတဲ့ အလုပ်သမား ၁၀ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခံလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကားတွေနဲ့ပိတ်ရပ်ပြီးဖမ်းတာ။ ၃ ရက်လောက်ရှိပြီ။ တော်တော်ဆိုးတယ်။ ရက်ရက်စက်စက်ကိုဆွဲတာ။ ညတွေအထိကိုဆွဲတာ။”လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ နေ့လယ်ပိုင်းကလည်း မုံရွာမြို့၊ သမစိတ္တလမ်းဘက်မှာ ဆိုက်တွဲနဲ့လာတဲ့ သားအဖသုံးဦးလုံးအား စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောပါတယ်။

“သားအဖ သုံးယောက် ဘေးတွဲ့နဲ့လာတာ။ ဘိုးတော်ကြီးဆိုအသက်ကြီးပြီ။ ၃ ယောက်လုံးဖမ်းသွားတယ်။”လို့ အခြား မုံရွာမြို့ခံ တဦးက ပြောပါတယ်။

တမြို့လုံးကို မနက်ကနေ ညအထိ ပေါ်တာပတ်ဆွဲနေတာကြောင့် မနေ့ကတရက်တည်း ၃၀ကျော် ဖမ်းဆီးခံရပြီး အရေအတွက်ဒီ့ထက်ပိုများနိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဒီနေ့မနက်လည်း စစ်ကြောင်းထိုးနေတဲ့ သာစည်လမ်းဘက်မှာ စစ်အုပ်စုက ဆိုက်တွဲသမားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလမှာ မုံရွာမြို့မှာလည်း ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးပြီး ပွဲတော်အပြန်လူငယ်တွေကို ပေါ်တာဆွဲခဲ့ပါသေးတယ်။ ဒါ့အပြင် ယခုနိုဝင်ဘာလအတွင်းမှာလည်း စျေးရောင်းပွဲတော်နဲ့ စတိတ်ရှိုးပွဲကို ပြုလုပ်ပေးပြီး ပေါ်တာဆွဲဖို့ စီစဥ်နေကြောင်း သတင်းရရှိပါတယ်။

(စစ်မှုထမ်းသင်တန်း တက်ရန် စစ်တပ်ထဲ ရောက်လာခဲ့သောလူငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)

ဆက်စပ်သတင်းများ