Hi, what are you looking for?
ဧပြီ-၁၅၊၂၀၂၅။ သုည/People’s Spring စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၁၅)မှာ တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက တော်လှန်သင်္ကြန်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလူထုသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။ ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း...
ဧရာဝတီတိုင်း၊ အင်္ဂပူ၊လေးမျက်နှာနှင့်ရေကြည်မြို့နယ်တို့ကို ဖြတ်သွားသည့်ပုသိမ် - မုံရွာလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကကားများအားဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခြင်း၊ ဖမ်းဆီးထားသောယာဥ်များအားအသုံးပြု၍စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်းဧရာဝတီPDF က သတိပေးချက်ထုတ်ပြန်သည်။
ဧပြီ၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး၊ကျိုင်းတုံမြို့နယ် ကျောက်တောင်ကျေးရွာအနီးတွင် လူခုနစ်ဦးလိုက်ပါလာသည့် အိမ်စီးကားတစ်စီး ယနေ့(ဧပြီ ၁၅ရက်) မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ခဲ့သည်။ ကားပေါ်တွင် ကလေးငယ် လေးဦး၊ လူကြီး သုံးဦးလိုက်ပါလာခဲ့ပြီး ကားတစ်စီးလုံးမီးလောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ပေ။ အင်ဂျင်အပူလွန်ကဲပြီး မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဓာတ်ပုံ...