Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမှာမြစ်ကြီးနား-မန္တ​လေး ခရီးသွားကားတွေ ရာချီပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုး သတ်ဖြတ်နေလို့ မြစ်ကြီးနား-မန္တ​လေး ခရီးသွားကားတွေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပိတ်မိနေသော ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

သြဂုတ်-၂၂၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းထိုး သတ်ဖြတ်နေလို့ မြစ်ကြီးနား-မန္တ​လေး ခရီးသွားကားတွေ ရာချီပိတ်မိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၆ ရက်ကစပြီး ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့စစ်တပ်လက်​အောက်ခံပျူ​စောထီးတွေက စစ်ကြောင်းထိုး မီးရှို့နေကြောင်း၊ အဲဒီစစ်ကြောင်းကြောင့် မြစ်ကြီးနား-မန္တ​လေး သွားလာကြမယ့် ယာဥ်ပေါင်းရာချီလည်း ရက်အတန်ကြာ ပိတ်မိနေကြောင်းဒေသခံတွေက ပြောပါတယ်။

“မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းအတက်အဆင်းကားတွေ ရာချီတယ်။ ပိတ်မိနေတယ်။မနေ့ကညနေပိုင်းကစလို့ ဒီမနက်ထိလှုပ်ကို မလှုပ်ရဘူး”လို့ ကားသမားတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အတက်ကားတွေဟာ ဇီးကုန်းလမ်းဆုံကစလို့ ‌အလယ်လျှိုရွာ၊ရေကြည်ဦး စတဲ့ရွာတွေမှာ ပိတ်မိနေပြီး အဆင်းကားတွေကတော့ ဘောရွာ၊လွှဲဆိပ်၊ ၁၁ ပေါက်၊ အေးသာယာရွာတွေမှာပိတ်မိနေတာဖြစ်ကြောင်း ကားသမားတွေက ပြောပါတယ်။

“လမ်းကြောက တော်တော်အဆင်မပြေတော့ဘူး။ နောက်တခေါက်တက်သင့်မတက်သင့် စဥ်းစားနေရပြီ”လို့ဖားကန့်ကားသမားတစ်ဦးကပြောပါတယ်။

စစ်တပ်နဲ့ ပျူ ပူး​ပေါင်းစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာ ၅ ရွာအား (၅) ရက်ဆက်တိုက် စစ်‌ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်အတွင်းရှိ ရွာမရွာသစ်၊အင်းလယ်ကြီး၊ဉာဏ်အင်း၊ထိန်တော၊ကိုင်းရိုး၊အင်္ဂါထောင့်၊သရက်တာနဲ့ ကျေးပင်အက်ရွာတို့မှ ပြည်သူ (၁၀၀၀၀)ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook