Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချီလီတောင်ပိုင်း ကမ်းလွန်ရေပြင်မှာ မဂ္ဂနီကျု ၇.၅ အဆင့် အားပြင်းတဲ့ ရေအောက်ငလျင် လှုပ်ခတ်

ချီလီနိုင်ငံ တောင်ပိုင်း ကမ်းလွန်ရေပြင်မှာ မဂ္ဂနီကျု ၇.၅ အဆင့်ထိ အင်အားပြင်းထန်တဲ့ ရေအောက်ငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရပါတယ်။

ချီလီနိုင်ငံ တောင်ပိုင်း ကမ်းလွန်ရေပြင်မှာ မဂ္ဂနီကျု ၇.၅ အဆင့်ထိ အင်အားပြင်းထန်တဲ့ ရေအောက်ငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၂၂ ရက်က ငလျင်ဟာ တောင်အမေရိကတိုက် တောင်ဖက်စွန်းနဲ့ အန္တာတိကတိုက်တွေကြားမှာ တည်ရှိတဲ့ ဒရိတ်ခ် ရေလမ်းကြောင်းဆိုတဲ့ ပစိဖိတ် သမုဒ္ဒရာ ရေပြင် ဧရိယာမှာ လှုပ်ခတ်သွားခဲ့တာပါ။ ငလျင်ဟာ ရေအနက် ၁၁ ကီလိုမီတာလောက်ကို ဗဟိုပြုခဲ့တာလို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ဆိုပါတယ်။

USGSဟာ ငလျင်ရဲ့ ပြင်းအားကို အစောပိုင်းက မဂ္ဂနီကျု ၈.၀ လို့ ဖော်ပြခဲ့ပြီးမှ ပြန်လည် ပြင်ဆင် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းတွေ ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်မျိုး မရှိဘူးလို့လည်း USGSက ပြောပါတယ်။

အစောပိုင်းမှာတော့ ချီလီ ကမ်းခြေစောင့်တပ်က ကမ်းရိုးတန်း ဧရိယာတချို့မှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး မိနစ်ပိုင်း အကြာမှာပဲ ပြန်ပယ်ဖျက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ရဲ့ လှုပ်ခတ်မှုကို ချီလီတောင်ပိုင်း ဧရိယာတချို့က သက်ရောက် ခံစားခဲ့ရပေမယ့် ထိခိုက်ပျက်စီးမှု သတင်းတွေတော့ မကြားရပါဘူး။

ဒရိတ်ခ်ရေလမ်းကြောင်းဟာ မိုင် ၅၀၀ လောက်ကျယ်ပြီး အတ္တလန္တိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာတွေကို ဆက်သွယ်ပေးထားပါတယ်။

ချီလီမှာတော့ ဆူနာမီ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ပေမယ့် ကမ်းခြေတွေ၊ ကျောက်ဆောင်ထူထပ်ရာ ကမ်းရိုးတန်းတွေကို လတ်တလောမှာ အတတ်နိုင်ဆုံး မသွားရောက်ဘဲ အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ