Connect with us

Hi, what are you looking for?

သတင်း

မြန်မာလူငယ်တွေရဲ့ စစ်အာဏာရှင် တွန်းလှန်မှု မှတ်တမ်းသတင်းအတွက် RFA ဆုနှစ်ခုရ

မြန်မာ လူငယ်တွေက စစ်အာဏာရှင် စနစ်ကို တွန်းလှန်နေတဲ့အကြောင်း အထူးသတင်းမှတ်တမ်း တင်ဆက်မှုအတွက် လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနဟာ မီဒီယာဆိုင်ရာ ဂုဏ်ပြုဆု နှစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

ဓာတ်ပုံ - RFA

မြန်မာ လူငယ်တွေက စစ်အာဏာရှင် စနစ်ကို တွန်းလှန်နေတဲ့အကြောင်း အထူးသတင်းမှတ်တမ်း တင်ဆက်မှုအတွက် လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာနဟာ မီဒီယာဆိုင်ရာ ဂုဏ်ပြုဆု နှစ်ခုကို လက်ခံရရှိခဲ့ပါတယ်။

အက်ဒွပ်အာရ်မူရို အမျိုးသား မီဒီယာ ထူးချွန်ဆု နှစ်ခုကို RFAက ရရှိခဲ့တာပါ။ အဲဒီဆုဟာ ဒုတိယ ကမ္ဘာစစ်တုန်းက ရေဒီယို သတင်းထုတ်လွှင့်မှုတွေကြောင့် နာမည်ကျော်ခဲ့တဲ့ အမေရိကန် ဂျာနယ်လစ် မူရိုကို ဂုဏ်ပြုပြီး နာမည် မှည့်ခေါ်ထားပြီး အမေရိကန် အခြေစိုက် Radio Television Digital News Association (RTDNA) အဖွဲ့က ချီးမြှင့်တာ ဖြစ်ပါတယ်။

RFA အနေနဲ့ အမေရိကန် အစိုးရဆီက ထောက်ပံ့စရိတ် ဖြတ်တောက်မှုတွေကြောင့် အကြီးအကျယ် ရုန်းကန်နေရတဲ့ ကာလတစ်ခုမှာ အခုလို ဂုဏ်ယူစရာ ဆုတွေကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ RFAရဲ့ ဝန်ထမ်းအင်အား စုစုပေါင်း ၉၀ ရာခိုင်နှုန်းလောက်ဟာ လစာမဲ့ ခွင့်တွေယူထားရ၊ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ခံထားရပါတယ်။

RFAကတော့ အဲဒီလို စရိတ်ဖြတ်တောက် လျှော့ချခံရမှုတွေကို တရားရေးအရ တုံ့ပြန်စိန်ခေါ်ဖို့ ကြိုးစားနေဆဲပါ။

Public Service Announcement

Public Service Announcement

မြန်မာ့မီဒီယာ ရပ်ဝန်းကို အာဏာသိမ်း စစ်တပ်နဲ့ တရုတ် အထောက်အပံ့ခံ မီဒီယာတွေက လွှမ်းမိုးထားတဲ့ အခြေအနေမျိုးမှာ အလုပ်လုပ်ရတာ အများကြီး ခက်ခဲကြောင်း၊ အဲဒီလို စိန်ခေါ်မှု ကြီးမားလှတဲ့ အခြေအနေမှာ အချက်အလက် အမှန်တွေကို အခြေခံတဲ့ သတင်းတွေ တင်ပြဖို့ ဆိုတာက RFAရဲ့ တာဝန်လို့ ခံယူကြောင်း သတင်းဌာနနဲ့ အမှုဆောင်ချုပ်နဲ့ ဥက္ကဋ္ဌဖြစ်သူ ဘေးဖန်းက ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဂျန်ဇီလို့ခေါ်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်တွေက တွန်းလှန်ရင်း နိုင်ငံရဲ့ အနာဂတ်အတွက် ရုန်းကန်နေကြတဲ့ အကြောင်း အထူးသတင်းဆောင်းပါးနဲ့ မှတ်တမ်းဗီဒီယိုတွေအတွက် RFAဟာ ဂုဏ်ပြုဆု နှစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ Myanmar’s Gen Z fighting for a nation’s futureလို့ ခေါင်းစဉ်တပ်ထားတဲ့ အဲဒီ အထူးသတင်း မှတ်တမ်းတွေကို RFAက မနှစ်က နိုဝင်ဘာလမှာ အပိုင်းလိုက် ဖော်ပြခဲ့တာပါ။

RFA Burmese အပါအဝင် ကွဲပြားတဲ့ ဘာသာစကားတွေနဲ့ ထုတ်လွှင့်တဲ့ သတင်းဝန်ဆောင်မှုတွေ ရပ်နားထားရတဲ့တိုင် အာရှ-ပစိဖိတ် ဒေသတွင်းမှာ RFAရဲ့ သက်ရောက်မှုတွေက ဘယ်လောက် အရေးပါခဲ့သလဲဆိုတာ ဒီဆုတွေက သက်သေခံနေတယ်လို့ ဖန်းက ထောက်ပြသွားပါတယ်။

ရရှိထားတဲ့ ဆုတွေကိုတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အောက်တိုဘာ ၁၃ ရက်နေ့ကျရင် RTDNAက RFAဆီ ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ကိုးကား: RFA

ဆက်စပ်သတင်းများ

ဆောင်းပါး

ပျူစောထီးအဖွဲ့ဝင်တဦးရဲ့ ဘောင်းဘီပေါ်က မန်ယူအသင်းတံဆိပ်ကို ဓားနဲ့ကွင်းလှီးခဲ့တဲ့ မန်ယူဖန်ပြည်သူ့ကာကွယ်ရေးရဲဘော်ကတော့ လက်ရှိအချိန်အထိ တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးခရီးမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) တို့အကြား အပြန်အလှန် လေးစားမှု၊တန်းတူညီမျှမှုတွေနဲ့ ပိုမိုခိုင်မာစွာ လက်တွဲဆောင်ရွက်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ပါတယ်။

သတင်း

ရှေ့ဆက်ရမယ့်တော်လှန်ရေးခရီးကြမ်းမှာ တော်လှန်ရေးအင်အားစုများအကြား သွေးခွဲစကားတွေနဲ့ စိန်ခေါ်မှုတွေကို ညီညွတ်သော စွမ်းအားနဲ့ ကျော်လွှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။