Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုလံဘီယာမှာ ကားဗုံးပေါက်ကွဲမှုကြောင့် ၅ ဦးထက်မနည်း သေဆုံး

ကိုလံဘီယာနိုင်ငံမှာ လူစည်ကားတဲ့လမ်းပေါ် ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

Getty Images

ကိုလံဘီယာနိုင်ငံမှာ လူစည်ကားတဲ့လမ်းပေါ် ကားဗုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်နေ့က နိုင်ငံအနောက်ပိုင်း ကာလီမြို့ရဲ့ လမ်းမတစ်နေရာမှာ ပြင်းထန်တဲ့ ကားဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဲဒီ ကားဗုံးဟာ မာကိုဖီဒယ်လ် ဆွာရက်ဇ် စစ်ဘက် လေကြောင်း သင်တန်းကျောင်းကို ပစ်မှတ်ထားခဲ့တာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ၅ ဦးသေပြီး အနည်းဆုံး ၃၆ ဦး ဆေးရုံရောက်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ကားဗုံးခွဲမှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲဆိုတာ မသိရသေးပါဘူး။ မြို့တော်ဝန် အလက်ဂျန်ဒရို အီဒါက အဲဒီ တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချပြီး ကျူးလွန်သူတွေအကြောင်း သတင်းပေးနိုင်သူကို ဆုငွေချီးမြှင့်မယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အစောပိုင်းတုန်းက သီးခြားဖြစ်စဉ်အနေနဲ့ နိုင်ငံ အနောက်မြောက်ပိုင်း၊ မယ်ဒယ်လင်မြို့ပြင် ဧရိယာတစ်ခုမှာ ရဲရဟတ်ယာဉ် တစ်စီးကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဝင်တိုက်ခဲ့တာကြောင့် ရဟတ်ယာဉ် ပျက်ကျပြီး ၁၂ ဦး သေဆုံးခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု နှစ်ခုအပြီး အစိုးရနဲ့ စစ်တပ်က လူထုကို ပိုမို အကာအကွယ် ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းဖို့ လုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခုကို ကျင်းပသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံဟာ အကြမ်းဖက်မှုတွေကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို ခြေရာခံ ဖော်ထုတ်ရှာဖွေပြီး ဥပဒေနဲ့အညီ တိတိကျကျ စီရင် အပြစ်ပေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ကိုလံဘီယာဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ခွဲထွက်ရေး သူပုန်တွေ၊ ပြည်သူ့စစ်တွေ၊ မူးယစ်မှောင်ခိုဂိုဏ်းတွေကြား ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒရုန်းတွေကို အသုံးပြုတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုလံဘီယာမှာ ပိုပြီး ထူထူထပ်ထပ် တွေ့ကြုံလာနေရပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း အဲဒီလို တိုက်ခိုက်မှုပေါင်း ၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အများစုကို တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း နိုင်ငံ အနောက်တောင်ပိုင်းမှာ ဒရုန်းပေါ်ကနေ ကြဲချတဲ့ ဗုံးတွေ ထိမှန်လို့ ကိုလံဘီယာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၄ အဆင့် ဖျက်အားပြင်း ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၃၀ ကျော်ထိ ဆက်တိုက် မြင့်တက်လာနေသလို ထိခိုက်ပျက်စီးမှု အများအပြားလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု့ ၇.၄ အဆင့်ရှိတဲ့ဖျက်အားပြင်းငလျင်ကြီးဒီနေ့ (သြဂုတ်လ ၁၀ ရက်)မနက်ပိုင်းကကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာလှုပ်ခတ်ရာ အနည်း ဆုံး လူ ၂၉ ဦးသေဆုံးထားပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ သမ္မတသစ်ဟာ ရာထူးလက်ခံတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြို့တော် ဘိုဂိုတာအစား တရားမဝင် လက်နက်ကိုင် အင်အားစုတွေ လှုပ်ရှားနေရာ နိုင်ငံအနောက်တောင်ပိုင်းက ကာလီမြို့မှာ ကျင်းပစေခဲ့ပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာ နိုင်ငံမှာ စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လူဒါဇင်နဲ့ချီ သေဆုံးကြောင်း သိရပါတယ်။