Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားက ယူကရိန်းကို ဒရုန်းနဲ့ ဒုံးကျည် ၆၀၀ ကျော်နဲ့ ညလုံးပေါက်တိုက်ခိုက်

စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုတွေထဲက တစ်ခုကို ရုရှားက လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

Ukrainian Presidency

စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုတွေထဲက တစ်ခုကို ရုရှားက လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်နေ့ ညပိုင်းက ယူကရိန်းနိုင်ငံ အနှံ့က ပစ်မှတ်တွေကို ရုရှားက ဒရုန်း ၅၇၄ စီး၊ ဒုံးကျည် အစင်း ၄၀ တို့နဲ့ ညလုံးပေါက် ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ၁ ဦး၊ ၁၈ ဦး ဒဏ်ရာရပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားနဲ့ ယူကရိန်းတို့ကြား ၃ နှစ်ခွဲလောက် ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အားတက်သရော ဦးဆောင်ဆွေးနွေးနေတဲ့ အချိန်မျိုးမှာ အခုတိုက်ခိုက်မှု ပေါ်ပေါက်လာတာပါ။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆီဘီဟာက အခုလို တိုက်ခိုက်မှုမျိုးတွေကြောင့်လည်း စစ်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးက သိပ်အရေးကြီးနေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း လေတပ်ကတော့ ဩဂုတ် ၂၁ ရက်ညပိုင်းနဲ့ ဩဂုတ် ၂၂ ရက် မနက်အစောပိုင်းတွေမှာ အုံနဲ့ကျင်းနဲ့ ပစ်ခတ်ခဲ့တဲ့ ရုရှား ဒရုန်းနဲ့ ဒုံးကျည် စုစုပေါင်း ၆၁၄ ခုထဲက ၅၇၇ ခုကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလို တိုက်ခိုက်မှုမျိုးဟာ ဇူလိုင်လနောက်ပိုင်း အတိုင်းအတာ ပမာဏ အကြီးမားဆုံး ဖြစ်လာတယ်လို့လည်း ယူကရိန်း လေတပ်က ပြောပါတယ်။

ဆီဘီဟာက ရုရှား အသုံးပြုခဲ့တဲ့ ဒုံးကျည်တွေထဲမှာ ခရုစ်ပဲ့ထိန်း ဒုံးကျည်တွေ၊ တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အမျိုးမျိုး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အများစုကိုတော့ ရုရှားနိုင်ငံ အနောက်ဖက်ခြမ်းကနေ ပစ်လွှတ်ခဲ့ပြီး ပင်လယ်နက်ဖက်က ပစ်လွှတ်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ အခုလို တိုက်ခိုက်မှုတွေကို ကြည့်ရုံနဲ့တင် ရုရှားဟာ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အမှန်တကယ် လိုလားပုံ မရဘူးဆိုတာ မြင်သာစေကြောင်း ဝေဖန်သွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook