Connect with us

Hi, what are you looking for?

သတင်း

ကမ္ဘောဒီးယား၊ မြန်မာတို့နဲ့ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်မှုတွေကြောင့် ထိုင်းပို့ကုန်ကဏ္ဍကို ထိခိုက်နိုင်တယ်လို့ဆို

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ကုန်သွယ်ရေး ထိခိုက်ပြတ်တောက်မှုတွေက ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍအပေါ် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ပါတယ်။

AFP

မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ ကုန်သွယ်ရေး ထိခိုက်ပြတ်တောက်မှုတွေက ထိုင်းနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍအပေါ် ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်း အဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌက သတိပေး ပြောကြားခဲ့ပါတယ်။

ထိုင်းနဲ့ နယ်စပ်၊ မြဝတီမြို့မှာရှိတဲ့ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို မြန်မာဖက်က ပိတ်ချခဲ့တဲ့နောက် FTI ဥက္ကဋ္ဌ ခရီယန်ကရိုင် သိန်နူကူလ်က အဲဒီလို သတိပေးခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာဒီးယားနဲ့ ထိုင်းကြားက စစ်ရေး ပဋိပက္ခကြောင့် နှစ်ဖက် နယ်စပ်ဂိတ်တွေကို ပိတ်ထားချိန်မှာ မြန်မာနဲ့ပါ အခုလို အခြေအနေတွေ ဖြစ်လာတာက ထိုင်းရဲ့ ပို့ကုန်ကဏ္ဍကို အနုတ်လက္ခဏာ ပြလာစေလိမ့်မယ်လို့ သူက ပြောပါတယ်။

ချစ်ကြည်ရေးတံတား အမှတ် ၂ ကို အခုသီတင်းပတ်ထဲမှာ မြန်မာဖက်က တိတိကျကျ အကြောင်းပြချက် မပေးဘဲ ပိတ်ချခဲ့တာလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ နောက်ပြီး အာဏာသိမ်း မြန်မာစစ်တပ်ဟာ ထိုင်းဖက်ကနေ တင်သွင်းတဲ့ ကုန်စည်တွေကိုလည်း အခွန်စည်းမျဉ်းတွေနဲ့ မကိုက်ညီ၊ တရားမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိနှိပ် ဖမ်းဆီးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေခဲ့ပါတယ်။

လေ့လာသူတွေကတော့ ထိုင်းနဲ့ နယ်စပ် ကုန်သွယ်ရေးကို တင်းကျပ်လာတာဟာ ကုန်သွယ်ခွန်တွေနဲ့ ပတ်သက်ရင် နေပြည်တော်မှာရှိတဲ့ အာဏာသိမ်း စစ်တပ်က ပိုမို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်လာတဲ့ ခြေလှမ်းတစ်ခုလို့ သုံးသပ်ကြပါတယ်။ လတ်တလောမှာတော့ မြဝတီက ထိုင်း-မြန်မာ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အခွန်အကျိုးအမြတ် အများအပြားကို ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ရရှိနေကြပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဟာ ၂၀၂၅ ပထမ နှစ်ဝက်အတွင်း ကမ္ဘောဒီးယား၊ မြန်မာတို့နဲ့ နယ်စပ်ကုန်သွယ်ရေး စုစုပေါင်း ဘတ်သန်း ၂၀၀ ကျော်ဖိုးလောက်ထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ မြန်မာနဲ့ ကုန်သွယ်မှုက ဘတ် ၁၀၆ ဘီလီယံဖိုးရှိပြီး မြန်မာဖက်ကို ပို့ကုန်တွေ တင်ပို့မှုက ဘတ် ၆၃ ဘီလီယံဖိုး၊ မြန်မာဆီက သွင်းကုန်တွေ ဝယ်ယူမှုတန်ဖိုးက ဘတ် ၄၃ ဘီလီယံဖိုးလောက် ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့် မြန်မာနဲ့ နယ်စပ်ကုန်သွယ်ရေးကနေ ထိုင်းဟာ ပထမ နှစ်ဝက်အတွင်း ဘတ် ၂၀ ဘီလီယံလောက် ပိုငွေပြထားခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ၂၀၂၅ ပထမ နှစ်ဝက်မှာ အရှိန်ကောင်းခဲ့ပေမယ့် ဇွန်လမှာတော့ မြန်မာဖက်ခြမ်းက နယ်စပ် စစ်ရေးပဋိပက္ခတွေကြောင့် လအလိုက် နှိုင်းယှဉ်မှုအရ ၃၀ ရာခိုင်နှုန်းလောက် ထိုးကျခဲ့သေးတယ်လို့လည်း သိရပါတယ်။

အခုတစ်ခါ မြန်မာဖက်က နယ်စပ်ကုန်သွယ်ရေး တံတားကို ပိတ်ချလိုက်တာကြောင့် ထိုင်းအတွက် ထိခိုက်မှုတွေ ထပ်ကြုံလာနိုင်ပြီး ဘယ်လောက် အတိုင်းအတာထိ နစ်နာမလဲ ဆိုတာကိုတော့ ခန့်မှန်းဖို့ စောလွန်းသေးကြောင်း ခရီယန်ကရိုင်က မှတ်ချက်ပေးသွားခဲ့ပါတယ်။

ထိုင်းဟာ မြန်မာဖက်ကို စားသောက်ကုန်တွေ၊ အဖျော်ယမကာတွေ၊ လောင်စာဆီ၊ လူသုံးကုန် အမျိုးမျိုး စတာတွေကို အဓိက တင်ပို့ပြီး မြန်မာဖက်ကနေ သဘာဝ ဓာတ်ငွေ့၊ ဓာတ်သတ္တု ပစ္စည်းတွေနဲ့ တခြားကုန်ကြမ်းတွေကို အဓိက တင်သွင်းနေပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။