Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တော်ဝင်မိသားစုကို သိက္ခာချမှု စွပ်စွဲချက်ကနေ သက်ဆင် တရားသေ လွတ်မြောက်

တော်ဝင်မိသားစုကို ပုတ်ခတ် စော်ကားမှု၊ ကွန်ပျူတာ ရာဇဝတ်မှု စွပ်စွဲချက်တွေကနေ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

Photo - Khaosod English

တော်ဝင်မိသားစုကို ပုတ်ခတ် စော်ကားမှု၊ ကွန်ပျူတာ ရာဇဝတ်မှု စွပ်စွဲချက်တွေကနေ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ကွင်းလုံးကျွတ် လွတ်မြောက်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

သူဟာ ကိုရီးယား မီဒီယာ တစ်ခုနဲ့ ၂၀၁၅ ခုနှစ်၊ မေလတုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထိုင်းတော်ဝင် မိသားစုကို သိက္ခာချ စော်ကား ပုတ်ခတ်ခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းမှာတော့ ဘုရင်နဲ့ တော်ဝင်မိသားစုကို စော်ကားတာဟာ ကြီးလေးတဲ့ ရာဇဝတ်မှု မြောက်ပါတယ်။

သက်ဆင်က သူ့အပေါ် စွပ်စွဲချက်ကို ငြင်းဆိုထားခဲ့ပြီး အာမခံနဲ့ လွတ်မြောက်ခွင့် ရနေတာ ဖြစ်ပါတယ်။ စွဲချက်နဲ့ ပတ်သက်လို့ တရားလိုတွေနဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ထိုင်းတရားရုံးက ဇူလိုင်လထဲမှာ ကြားနာခဲ့ပါတယ်။

နောက်ပြီး သက်ဆင်ကိုယ်တိုင်၊ ထိုင်းဒုတိယ ဝန်ကြီးချုပ်ဟောင်း ဝစ်ဆာနူ ခရီနမ်၊ တရားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် သောင်သွန် ချန်ဒရန်ဆူတို့လည်း ထွက်ချက်တွေ ပေးခဲ့ကြပါတယ်။ သက်ဆင်တို့ကို ကြားနာ စစ်ဆေးမှုကို သီးသန့်ပြုလုပ်ပြီး တခြားသူတွေ နားထောင်တာမျိုးကို ခွင့်မပြုခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

စစ်ဆေးမှုတွေအတွင်း သက်ဆင်ဟာ ရုံးချိန်း အားလုံးကို ကိုယ်တိုင် တက်ရောက်ခဲ့ပြီး မိသားစုဝင်တွေနဲ့ နိုင်ငံရေးသမား တချို့က သူ့ကို ဝိုင်းဝန်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၂၂ ရက်နေ့မှာတော့ တရားရုံးက အပြီးသတ် စီရင်ဆုံးဖြတ်ချက် ချမှတ်ခဲ့ရာမှာ သက်ဆင်အပေါ် စွဲဆိုထားတဲ့ တော်ဝင်မိသားစုကို ပုတ်ခတ် စော်ကားမှု၊ ကွန်ပျူတာ ရာဇဝတ်မှုတွေအတွက် အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး တရားသေ လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီ တရားခွင် မတိုင်ခင် ဩဂုတ် ၂၁ ရက် ကတည်းက ရာဇဝတ်ခုံရုံး အဆောက်အအုံ တဝိုက်မှာ ရဲတွေက သံဆူးကြိုးတွေ ချပြီး လုံခြုံရေးလည်း ပိုမို တင်းကျပ်ထားခဲ့ပါတယ်။

သက်ဆင်အပေါ် စွဲချက်တင်တာကိုတော့ သူနဲ့ ညီမဖြစ်သူ ယင်လက်ခ် ရှီနာဝတ်ထ်တို့ နှစ်ဦးစလုံးကို ဝန်ကြီးချုပ် အဖြစ်ကနေ အာဏာသိမ်း ဖြုတ်ချခဲ့တဲ့ ထိုင်းစစ်တပ်က လုပ်ဆောင်ခဲ့တာပါ။ ထိုင်းစစ်တပ်ဟာ တော်ဝင်မိသားစုကို လိုလား သစ္စာခံတဲ့ အစုအဖွဲ့ တစ်ခုအဖြစ် လူသိများပါတယ်။

ထိုင်းမှာတော့ တော်ဝင်မိသားစုကို စော်ကားမှုအတွက် ပြင်းထန်တဲ့ ရာဇဝတ် ပြစ်ဒဏ်တွေ စီရင်ချမှတ်တဲ့ ဥပဒေဟာ အတော်လေး အငြင်းပွားစရာ ဖြစ်နေပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေဆီက ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။ အဲဒီဥပဒေနဲ့ စွဲချက်တင် ခံရသူ ၂၈၀ ကျော် ရှိတဲ့ထဲမှာ သက်ဆင်ကတော့ အထင်ရှားဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကျောင်းသူတစ်ဦး ထပ်မံ သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် သေနတ်သမား ကျောင်းသားရဲ့ လက်ချက်ကြောင့် သေဆုံးသူ စုစုပေါင်းဟာ ၉ ဦး ရှိလာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။